ဇာတ်ကားများ ရွေးရန်

Alpha Rift

2021ဇာတ်ကားအမှတ် 4.7/1094 မိနစ်

နိုလန်က သူငယ်ချင်းတွေနဲ့ စပ်တူဖွင့်ထားတဲ့ ဂိမ်းဆိုင်ကို လုပ်ကိုင်ရင်း အေးအေးဆေးဆေး နေနေသူပါ။ ကလေးတွေကြိုက်တဲ့ နိုဘယ်မန်းပုံပြင်တွေကို နေ့တိုင်း ပြောပြနေတတ်တဲ့ သူ့ဘဝထဲကို တစ်နေ့မှာ မှော်ခေါင်းဆောင်းတစ်ခု ရောက်လာပါတယ်။ ဆိုင်ကိုရောက်လာတဲ့ အဲဒီခေါင်းဆောင်းကို ဆောင်းလိုက်မိတော့ နှစ်ပေါင်းထောင်ချီ အကျဉ်းကျနေခဲ့တဲ့ နတ်ဆိုးရဲ့တမန်တော်ဝိညာဉ်နဲ့ ဆက်စပ်မိသွားတော့တယ်။ နောက်တစ်ရက်မှာတော့ သူ့အဖေ အမြဲပြောပြခဲ့တဲ့ နိုဘယ်မန်းတွေအကြောင်းဟာ ပုံပြင်သက်သက် မဟုတ်ဘူးဆိုတာ နိုလန် သိလာရပါတယ်။ တကယ်ရှိနေတဲ့ နိုဘယ်မန်းတွေနဲ့ သူ့ကြားက ဆက်နွယ်မှုက ဘာလဲ၊ နတ်ဆိုးနဲ့ရော ဘယ်လိုရန်ငြိုးတွေ ရှိခဲ့တာလဲ။ နိုလန်တစ်ယောက် နတ်ဆိုးတွေကို တိုက်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေနောက်ကို လိုက်ရမယ့် ဇာတ်လမ်းပါ။ ၂၁ ရာစုကို နောက်ခံထားပြီး မှော်ခေါင်းဆောင်းကတစ်ဆင့် သူရဲကောင်းတစ်ဦး ပေါ်ထွက်လာပုံကို အက်ရှင်၊ ဟာသနဲ့ သိပ္ပံစိတ်ကူးယဉ်အကြောင်းအရာတွေ ရောစပ်ထားပါတယ်။

ဇာတ်လမ်းအကြောင်း