ဇာတ်ကားများ ရွေးရန်

Devil Angel

1995ဇာတ်ကားအမှတ် 3.2/1095 မိနစ်

မိဘအိမ်မှာ အပူအပင်ကင်းကင်း နေနေရတဲ့ မိန်းကလေးငယ်တစ်ယောက်ဟာ အချစ်ကြောင့် အိမ်ကထွက်ပြီး လင်နောက်လိုက်သွားပါတယ်။ ဒါပေမဲ့ အတူနေထိုင်တဲ့ဘဝကို ရောက်လာချိန်မှာတော့ အချစ်နဲ့အတူ ပါလာတဲ့ ပူပန်စရာတွေအပြင် ငွေရေးကြေးရေးပြဿနာတွေကိုပါ ရင်ဆိုင်ရတော့တယ်။ အေးချမ်းတဲ့ မိဘအိမ်ကို ချန်ခဲ့တဲ့ သူ့အတွက် ဒီအခက်အခဲတွေကြားမှာ ဘဝကို ဘယ်လိုဆက်ဖြတ်သန်းရမလဲဆိုတာ စဉ်းစားရလာပါတယ်။ Devil Angel ဟာ Vivian Hsu နာမည်ကြီးစအချိန်က ရိုက်ကူးခဲ့တဲ့ ၁၉၉၅ ခုနှစ်ထွက် အချစ်ဒရာမာနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။ Vivian Hsu ဟာ မော်ဒယ်လောကကနေ ရုပ်ရှင်ဘက်ကို ကူးပြောင်းလာသူဖြစ်ပြီး Shaolin Popey (1994) မှာ မင်းသမီးအဖြစ် စတင်ပါဝင်ခဲ့သလို ဂျက်ကီချန်းရဲ့ The Accidental Spy မှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒီဇာတ်ကားမှာတော့ အဖော်အချွတ်ခန်းတချို့ ပါဝင်တာကြောင့် အရွယ်ရောက်သူတွေအတွက်သာ သင့်တော်ပါတယ်။

ဇာတ်လမ်းအကြောင်း