ဇာတ်ကားများ ရွေးရန်

Rita

2024ဇာတ်ကား107 မိနစ်

IMDb Rating – 7.1/10 ဒီကားကိုတော့ ဒါရိုက်တာ Jayro Bustamante ရိုက်ကူးထားပြီး မင်းသမီး Giuliana Santa Cruz အဓိကသရုပ်ဆောင်ထားတာပါ။ ငယ်ငယ်တုန်းက နတ်သမီးပုံပြင်တွေ နားထောင်ရင်းနဲ့ ရဲတိုက်ကြီး ထဲမှာဖမ်းခံရရင် မင်းသားလေး လာကယ်မှာကို စိတ်ကူးယဉ်ဖူးကြမှာပါ။ အသက်13နှစ်အရွယ် ရီတာကတော့ 7နှစ်အရွယ်မှာ အဖေရင်း ဖြစ်သူရဲ့မုဒိမ်းကျင့်တာကိုခံရပြီးနောက် နတ်သမီးပုံပြင်တွေကို မယုံကြည်တော့ပါဘူး။ သူ့ရဲ့ဘဝကိုလာကယ်မဲ့သူမရှိတဲ့အပြင် အမေရင်းကပါ လျစ်လျူ ရှုထားခဲ့ပါတယ်။ 6နှစ်အရွယ်ညီမလေးကိုပါ အဖေကမုဒိမ်းကျင့်ဖို့ ကြံလာတဲ့အခါ ရီတာကသူ့အဖေကို တိုင်ကြားစာပို့ခဲ့ပြီး အိမ်ကနေထွက်ပြေးခဲ့ပါတယ်။ သူ့ညီမ‌ကိုပါခေါ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ရီတာကို ပြန်ပေးဆွဲမှုနဲ့ ရဲတွေက ဖမ်းခဲ့ပြီး ပြဿနာရှာတဲ့ ကလေးတွေစုထားတဲ့ ဂေဟာကိုပို့ပြီး ထိန်းသိမ်းလိုက်ပါတယ်။ တောအုပ်တွေကြားကဂေဟာမှာ ကလေးတွေကို မင်းသမီးတွေ၊ နတ်မိမယ်တွေ၊နတ်သမီးတွေအဖြစ်ခွဲထားပြီး ရီတာကတော့ နတ်သမီးအဖွဲ့မှာ နေဖို့ဖြစ်လာပါတယ်။ နတ်သမီးတွေမှာ သူတို့လွတ်ဖို့ စစ်နတ်ဘုရားမ ပေါ်ထွက်လာမယ် ဆိုတဲ့ ဟောကိန်းရှိနေတဲ့အခါ.... ရီတာကသူတို့မျှော်နေတဲ့ စစ်နတ်ဘုရားမ ဖြစ်နေမလား..... သူတို့ရဲ့ ထွက်ပြေးမဲ့ အစီအစဉ် အောင်မြင်မလား.... တောအုပ်ထဲကကြယ်‌လို့ခေါ်တဲ့ တည်ရှိမှုတွေကရော ဘာတွေလဲ....... နတ်ဆိုးတွေအုပ်ချုပ်တဲ့ဂေဟာကရော ဘယ်လိုမကောင်းမှုတွေ လုပ်နေတာလဲ.... ကလေးတွေကသူတို့ရှာနေတဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှုကိုရရှိ သွားမလား...အမှောင်နတ်ဆိုးတွေကပဲနိုင်သွားမလား... ဒါတွေကို ဖြစ်ရပ်မှန်ကို inspireယူထားတဲ့ dark fantasy ကားလေးထဲမှာ ရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။ File size… (1.09GB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 47m Genre …..Fatasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

ဇာတ်လမ်းအကြောင်း