ဇာတ်ကားများ ရွေးရန်

The Garden of Words

2013ဇာတ်ကားအမှတ် 7.6/1046 မိနစ်

The Garden of Words (2013)           言の葉の庭 ဇာတ်ကားနာမည်လေးက မြန်မာလိုဆို "စကားလုံးတွေ ပွင့်ဖူးတဲ့ပန်းဥယျာဉ်" တဲ့ ဇာတ်လမ်းလေးက "မမနဲ့မောင်လေး" ပုံစံ ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားဘူး...အေးချမ်းတဲ့ မိုးရာသီနဲ့ ဇာတ်လမ်းဆင်ထားတယ်.. ခုလို မိုးရွာနေတုန်းကာလနဲ့ဆိုတော့ ပိုပြီး ဖီးလ်လို့ ကောင်းတာပေါ့ အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး..သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်.. ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ..မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူ ထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ... တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့.. မမ နာမည်က ယူကီနို ယူကာရီ တဲ့.. ၂၇ နှစ်အရွယ် အစ်မကြီးပေါ့... စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်... နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ကိုယ်ရှိနေကြတဲ့သူတွေ..ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ် (ကျွန်တော်တို့တွေဆိုရင်လည်း အွန်လိုင်းပေါ်က ခင်တွယ်မိတဲ့သူတွေအကြောင်း သိနိုင်သလောက် စူးစမ်းချင်ကြတယ်မဟုတ်လား) ဒီနေရာမှာ သူတို့ရဲ့ကဗျာတွေ စကားလုံးတွေက အဖြေတွေရှာဖို့ ဖြစ်လာခဲ့တယ်... ပြန်ခါနီး နှုတ်ဆက်တဲ့အခါ ကဗျာတစ်ပုဒ်လောက်ကို ချန်ထားပြီး အဖြေရှာစေခဲ့တယ်... ဇာတ်ကားရဲ့နာမည်အတိုင်းပဲ သူတို့နှစ်ယောက်ကြားက ပတ်သက်မှုက စကားလုံးတွေအများကြီးပေါက်ဖွားလာခဲ့ကြတယ်.. ဒါပေမဲ့ လောကကြီးက ဘယ်အရာမှ ကိုယ်ဖြစ်စေချင်သလိုဖြစ်နိုင်တာမဟုတ်ဘူးလေ... ဒါကို ဒီလူသားနှစ်ဦးလည်း ကြုံတွေ့လာခဲ့ရတဲ့ အခါမှာတော့... ထိရှပြင်းထန်တဲ့ စကားလုံးတွေ ပွင့်အန်လာကြပြီး...... မိုးလေးတစိမ့်စိမ့်နဲ့ ခံစားကြည့်ရှုကြပါဦး (အညွှန်း မားရဲ **) File Size : (820 MB) Quality : Blu-Ray (1080p) Source : 1080p.BluRay.x265-HEVC Translated & Encode : Myoko

ဇာတ်လမ်းအကြောင်း