ဇာတ်ကားများ ရွေးရန်

A Christmas Prince: The Royal Baby

2019ဇာတ်ကားအမှတ် 6.3/1084 မိနစ်

အခုလောလောလတ်လတ်ထွက်ရှိထားတဲ့ ခရစ္စမတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့ The Christmas Prince:The Royal Baby(2019)ပါ။ ဇာတ်လမ်းလေးတော့ အယ်လ်ဒိုဗီးရားဆိုတဲ့ နိုင်ငံက ဘုရင်ဟာ လန်ဒန်က အမျိုးသမီးလေးတစ်ဦးနဲ့လက်ဆက်ခဲ့ပြီး အယ်လ်ဒိုဗီးရား ဘုရင်မအဖြစ်တင်မြှောက်ထားခဲ့ပါတယ်။ ဘုရင်မအန်းဘားက ပြည်သူတွေနဲ့ တစ်သားတည်းရှိပြီး ကြင်နာတတ်တဲ့ဘုရင်မပါ။ ဘုရင်မ အန်းဘားမှာ ဘုရင်ရောဘတ်ရဲ့ရင်သွေးလေးလဲလွယ်ထားရပါပြီ။ သူနေထိုင်တဲ့ အယ်လ်ဒိုဗီးရားပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတစ်ခုဖြစ်တဲ့ ပန်ဂလီရာပြည်ထောင်စုဟာ နှစ်ပေါင်းတစ်ရာပြည့်တိုင်း ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးရပါတယ် နှစ်တရာပြည့်မှာ လက်မှတ်ထိုးဖို့လာခဲ့ပေမယ့် စာချုပ်ကပျောက်သွားပါတော့တယ်။ စာချုပ်သာပျောက်သွားခဲ့ရင် ကျိန်စာတစ်ခုအသက်ဝင်လာပြီး ပထမဆုံးမွေးဖွားတဲ့ ကလေးအပေါ်သက်ရောက်မှာပါ။ အဲတော့ ဘုရင်မအန်းဘားတစ်ယောက်ဘယ်လိုစီစဉ်မလဲ? ကလေးကရောဘာဆက်ဖြစ်မှာလဲ? စတဲ့မေးခွန်းတွေနဲ့ အဆုံးထိကြည့်ရှုရမယ့်ကားကောင်းလေးပါ။ File Size : ( 799 MB ) Quality :  Web-DL 720p Running Time : 1 hr 24 min Format : Mp4 Genre :  Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin

ဇာတ်လမ်းအကြောင်း