ဇာတ်ကားများ ရွေးရန်

Macherla Niyojakavargam

2022ဇာတ်ကားအမှတ် 5.4/10159 မိနစ်

မာချာလာမြို့မှာ ရာဂျာပါဆိုတဲ့ လူမိုက်ကြီးက နှစ်ပေါင်းသုံးဆယ်ကြာ အုပ်စိုးနေပြီး ရွေးကောက်ပွဲတောင် ကျင်းပခွင့်မပေးပါဘူး။ သူ့ကို အတိုက်အခံလုပ်တဲ့ ပါတီတွေ ဖျက်ဆီးခံရသလို ဆန့်ကျင်သူတွေလည်း အသက်ဆုံးရှုံးကြရတယ်။ ဆိဒ်ဒူကတော့ ဘယ်သူဘာပြောပြော ကိုယ့်စိတ်ထဲရှိတာ၊ ကိုယ်မှန်တယ်ထင်တာကိုပဲ လုပ်တတ်တဲ့ လူငယ်တစ်ယောက်ပါ။ အစိုးရအရာရှိဝန်ထမ်းစာမေးပွဲ ဖြေထားပြီး ဘယ်နေရာမှာ တာဝန်ကျမလဲဆိုတာ စောင့်နေသူဖြစ်ပါတယ်။ မထင်မှတ်ဘဲ မာချာလာမြို့မှာ တာဝန်ကျလာတဲ့အခါ နှစ်ပေါင်းသုံးဆယ် အာဏာချုပ်ကိုင်ထားတဲ့ ရာဂျာပါနဲ့ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားမှာ Check (2021) ထဲက နီတင်နဲ့ Uppena (2021) ထဲက ကရီတီးရှက်တီးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း