ဇာတ်ကားများ ရွေးရန်

Theerppu

2022ဇာတ်ကားအမှတ် 7.0/10147 မိနစ်

ပင်လယ်ကမ်းစပ်ရွာတစ်ရွာမှာ မာရာကာ၊ နေယာ၊ မီနွန်နဲ့ ဘုန်းတော်ကြီးတို့ရဲ့ မိသားစုလေးစုဟာ အခက်အခဲရှိရင် အချင်းချင်းကူညီရင်း နေထိုင်လာကြပါတယ်။ သူတို့မိသားစုတွေက သားလေးယောက်ကလည်း ငယ်ငယ်ကတည်းက အတူကစားလာတဲ့ သူငယ်ချင်းတွေပါ။ မာရာကာမိသားစုမှာ ဘိုးဘွားပိုင်မြေ ရှစ်ဧကရှိပြီး မြေဝယ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ကျန်မိသားစုသုံးစုရဲ့ တိုက်တွန်းမှုနဲ့ ရောင်းချလိုက်ပါတယ်။ အဲဒီနောက် မာရာကာမိသားစုရဲ့ အခြေအနေက ဆိုးရွားသွားပေမယ့် တစ်ဖက်လှည့်နဲ့ မြေကိုဝယ်ခဲ့တဲ့ နေယာမိသားစုကတော့ ချမ်းသာလာခဲ့တယ်။ ဒီမြေနေရာမှာ အပန်းဖြေစခန်းဆောက်ဖို့ လုပ်ကြရင်း သားလေးယောက် ပြန်ဆုံကြတဲ့အခါ မထင်မှတ်ထားတဲ့ ထူးဆန်းမှုတွေကို ကြုံလာကြရပါတယ်။ Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် မာလာယာလမ်စကားပြော ဒရာမာ၊ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း