MK Ultra
ဒေါက်တာ စထရောက်စ်ဟာ ထူးချွန်တဲ့ စိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့သုတေသနစီမံကိန်းအတွက် ရန်ပုံငွေထောက်ပံ့မယ့်သူကို ရှာနေပါတယ်။ အဖွဲ့အစည်းတစ်ခုက ထောက်ပံ့ပေးဖို့ ကမ်းလှမ်းလာတဲ့အခါ သူလုပ်ချင်တဲ့ သုတေသနကို စတင်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ သူမသိခဲ့ပါဘူး။ စီမံကိန်းကို ဆုံးခန်းတိုင်အောင် သုတေသနဆက်လုပ်ရင်း နိုင်ငံရေးနဲ့ သူ့အလုပ်ကြားမှာ ရှုပ်ထွေးမှုတွေ ပေါ်လာပါတော့တယ်။ ဇာတ်လမ်းက စီအိုင်အေရဲ့ လျှို့ဝှက်စီမံကိန်း MK Ultra ကို ဖြစ်ရပ်မှန်တွေနဲ့ ရောယှက်ပုံဖော်ထားတာပါ။ ဒီစီမံကိန်းမှာ လူတွေရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့ အမေရိကန်နိုင်ငံသားတွေကို သူတို့မသိဘဲ LSD ဆေးခတ်ပြီး စမ်းသပ်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၅၃ ကနေ ၁၉၇၃ အထိ ကြာမြင့်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ တရားဝင်စုံစမ်းစစ်ဆေးမှုတွေနဲ့အတူ ဖော်ထုတ်ခံခဲ့ရတဲ့ စီမံကိန်းအကြောင်းကို နောက်ခံထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း