Death Wish
Death Wish (2018) IMDb - 6.4/10 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကားသစ် Death Wish ကိုတော့အထူးတလည်မိတ်ဆက်ပေးနေစရာ မလိုဘူးလို့ထင်ပါတယ်။ ဒီဇာတ်ကားကို1972 ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Brian Garfield ရဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Eli Roth ဖြစ်ပြီး၊Die Hard Franchise မှာဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး အက်ရှင်မင်းသားတစ်ဦးအဖြစ် လူအများသိကြတဲ့ မင်းသားကြီး Bruce Willis က ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ Box Office မှာ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့်လည်း IMDb rating 6.4 ရှိတာကြောင့် တော်တော်ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ဆိုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ပေါလ်ကာစီဟာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ လူစီသမီးဖြစ်သူ ဂျော်ဒန်တို့နဲ့အတူ မိသားစုဘဝလေးကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့လူအေးကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူတို့မိသားစုအပေါ်ကံဆိုးမိုးမှောင်ကျရောက်ခဲ့ရပါတော့တယ်။ ဓားပြတွေရဲ့လက်ချက်နဲ့ ဇနီးဖြစ်သူ လူစီသေဆုံးပြီး သမီးဖြစ်သူဂျော်ဒန်ဟာမသေရုံတမယ်ဘဝမျိုးကိုရောက်ရှိသွားပါတော့တယ်။ အဆိုပါမှုခင်းဖြစ်ပြီး ရက်အတော်ကြာတဲ့အထိ ဘာသတင်းမှမထူးတာကြောင့် ရဲတွေကို အားကိုးလို့မရဘူးဆိုတာကို ဒေါက်တာကာစီတစ်ယောက် သဘောပေါက်သွားပြီး သူ့မိသားစုအတွက် တရားမျှတမှုကို သူကိုယ်တိုင်ဆောင်ကြဉ်းဖို့ ကြိုးစားပါတော့တယ်........။ မင်းသားကြီး ဘရုစ်ဝီလီရဲ့အက်ရှင်ဇာတ်ကားကောင်းဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ) File Size :(1.6GB) (900 MB) Quality : Blu-Ray( 1080p)( 720p) Running Time : 1hr 47min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Myo Thant Kyaw Encoded by Thanhtike Zaw
ဇာတ်လမ်းအကြောင်း