Days of Heaven
Days of Heaven ဟာ ဒါရိုက်တာ Terrence Malick ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ဒရာမာနဲ့ အချစ်ဇာတ်ကားအမျိုးအစားပါ။ ဇာတ်ကြောင်းပြောပုံနဲ့ ရုပ်ပုံအလှကို တွဲဖက်ပုံဖော်ထားပေမယ့် သူ့နောက်ပိုင်းလက်ရာတွေလို ဇာတ်ကြောင်းကို အပိုင်းပိုင်းခွဲပြီး တင်ပြထားတာမျိုးတော့ သိပ်မများသေးပါဘူး။ ရစ်ချက်ဂီရိ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ငယ်ရွယ်စဉ် ရုပ်သွင်ကို တွေ့ရပါတယ်။ ဇာတ်ဝင်ခန်းအများစုကို Golden Hour၊ ရုပ်ရှင်ဓာတ်ပုံဆရာတွေ အခေါ်အရ Magic Hour လို့ခေါ်တဲ့ အချိန်တွေမှာ ရိုက်ကူးထားပါတယ်။ နေထွက်ပြီးစနဲ့ နေမဝင်ခင် သဘာဝအလင်းရောင် နူးညံ့နေတဲ့အချိန်တွေကို အသုံးပြုထားတာပါ။ ဒီရုပ်ရှင်ဟာ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု ရရှိခဲ့သလို ၁၉၇၉ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်မှာလည်း အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပါတယ်။ ဇာတ်အိမ်နဲ့ စကားပြောခန်းတွေထက် ရုပ်ပုံတွေကတစ်ဆင့် ခံစားမှုကို ပေးတဲ့ Malick ရဲ့ဟန်ကို ဒီကားမှာလည်း တွေ့ရပါတယ်။ Days of Heaven ဆိုတဲ့ နာမည်နဲ့ ဇာတ်လမ်းအခြေအနေက ဆန့်ကျင်နေပေမယ့် မြင်ကွင်းတွေကိုတော့ လှလှပပ ပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကြောင်း