Kadina Kadoramee Andakadaham
ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တဲ့အိပ်မက်ကို ဘာချူးက အကောင်အထည်ဖော်နေပါတယ်။ ဒါပေမယ့် သူရောင်းဝယ်နေတဲ့ နှာခေါင်းစည်းတွေက အရည်အသွေးမကောင်းတာတွေ ဖြစ်နေပြီး လုပ်ငန်းမှာ ပြဿနာတက်လာတယ်။ အဖေကလည်း တခြားမြို့မှာ အလုပ်လုပ်နေတာ ကြာပြီဆိုတော့ ကိုယ့်အနားမှာ မရှိပေးတဲ့အတွက် စိတ်နာနေရသေးတယ်။ အခက်အခဲတွေကြားထဲမှာပဲ အဖေဆုံးသွားတဲ့သတင်းကို ဘာချူး ကြားလိုက်ရပါတယ်။ အဖေရဲ့အလောင်းကို မွေးရပ်ဆီ ပြန်သယ်ချင်ပေမယ့် ကိုဗစ်ကာလ ကန့်သတ်ချက်တွေနဲ့ ကြုံရပြန်တယ်။ စီးပွားရေးအိပ်မက်၊ သားအဖကြားက အဖုအထစ်နဲ့ မိသားစုဆုံးရှုံးမှုတွေကို တစ်ပြိုင်တည်း ရင်ဆိုင်နေရတဲ့ ဘာချူးရဲ့အကြောင်းကနေ အလုပ်လုပ်ရခက်ခဲပြီး လူချင်းတောင် လွတ်လွတ်လပ်လပ် မတွေ့နိုင်ခဲ့တဲ့ ကာလတစ်ခုကို ပြန်ပုံဖော်ထားတဲ့ မလေယာလမ်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း