A Family Man
ကုမ္ပဏီတွေအတွက် ဝန်ထမ်းရှာပေးပြီး အလုပ်ဖြစ်ရင် ဝန်ဆောင်ခယူတဲ့ အလုပ်ပွဲစားလောကမှာ ဇာတ်လမ်းစထားပါတယ်။ စားပွဲ၊ ဖုန်းနဲ့ ထိုင်ခုံတစ်လုံးရှိရုံနဲ့ လုပ်နိုင်ပေမယ့် အပြိုင်အဆိုင်များပြီး လှည့်စားမှုနဲ့ အကွက်ကျော်မှုတွေလည်း ရှိနေတဲ့ အလုပ်ပါ။ ဒီလုပ်ငန်းက သူဌေးဟာ အလုပ်မဖြစ်သူတွေကို ဖြုတ်ပစ်ပြီး ရာထူးတိုးဖို့အတွက်လည်း လစဉ်ဝင်ငွေ ဘယ်သူပိုရှာနိုင်သလဲဆိုတာနဲ့ ပြိုင်ခိုင်းတယ်။ အလုပ်ထွက်သွားသူတွေကတောင် ဒီလုပ်ငန်းမျိုး ပြန်မလုပ်နိုင်အောင် မယှဉ်ပြိုင်ရဆိုတဲ့ သဘောတူညီချက်တွေ ချုပ်ထားပါတယ်။ Gerard Butler သရုပ်ဆောင်ထားတဲ့ အလုပ်ပွဲစားက ဒီအလုပ်ကို ကျွမ်းကျင်သလို အလုပ်လည်း အလွန်ကြိုးစားသူပါ။ ဒါပေမယ့် အလုပ်ထဲမှာပဲ အချိန်ကုန်နေတော့ မိသားစုနဲ့ သားသမီးတွေကို ဂရုစိုက်ဖို့ ပျက်ကွက်လာတယ်။ အဲဒီအချိန်မှာ သားဖြစ်သူ သွေးကင်ဆာဖြစ်ပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။ အလုပ်မှာလည်း အပြိုင်အဆိုင်တွေ မရပ်သေးတော့ သူ ဘယ်လိုရှေ့ဆက်မလဲဆိုတာကို တွေ့ရမှာပါ။ Alison Brie၊ Alfred Molina နဲ့ Gretchen Mol တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း