ဇာတ်ကားများ ရွေးရန်

The Place Beyond the Pines

2013ဇာတ်ကားအမှတ် 7.0/10140 မိနစ်

ဆိုင်ကယ်စတန့်မောင်းသမား လုခ်ဟာ ဘာကိုမှ သိပ်ဂရုမစိုက်ဘဲ လေလွင့်နေခဲ့သူပါ။ ကိုယ့်မှာ သားတစ်ယောက်ရှိနေမှန်း သိလိုက်ရတဲ့အခါ ကလေးကို စောင့်ရှောက်ချင်လာပြီး စတန့်မောင်းတဲ့အလုပ်ကနေ ထွက်လိုက်တယ်။ သားရှိတဲ့မြို့မှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပေမယ့် ကလေးရဲ့အမေဖြစ်တဲ့ သူ့ချစ်သူကတော့ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ဘဝသစ်တစ်ခု တည်ဆောက်ထားနှင့်ပါပြီ။ အဲဒီမြို့မှာ လူတစ်ယောက်နဲ့ ဆုံမိရာက လုခ်လည်း သူနဲ့အတူ ဘဏ်ဓားပြတိုက်ဖြစ်သွားတယ်။ ရလာတဲ့ငွေနဲ့ သားအတွက် ပစ္စည်းတွေဝယ်ပို့ရင်း ကလေးအမေရဲ့ လက်ရှိခင်ပွန်းနဲ့ ရန်ဖြစ်ပြီး အဖမ်းခံလိုက်ရပါတယ်။ ဓားပြတိုက်ဖော်က ဒေါ်လာ ၂၅၀၀ အာမခံပေးပြီး ထုတ်ပေးခဲ့ပေမယ့် လုခ်က လွတ်လာတာနဲ့ တစ်ရက်တည်း ဘဏ်နှစ်ခုကို ဓားပြတိုက်ဖို့ ကြိုးစားပြန်တယ်။ ဒီတစ်ခါတော့ တွဲဖက်က ဆက်မလုပ်တော့ဘူးလို့ ငြင်းလိုက်တဲ့အတွက် သူတစ်ယောက်တည်း ထွက်သွားပါတယ်။ တစ်ယောက်တည်း ဓားပြတိုက်ရင်း ရဲနဲ့ ရင်ဆိုင်မိတဲ့နောက် လုခ်အတွက် ဘာတွေဖြစ်လာမလဲ၊ ရဲအရာရှိကရော ဘယ်လိုလုပ်မလဲဆိုတဲ့ အကြောင်းတွေ ဆက်လာပါတယ်။ ၂၀၁၂ ခုနှစ်ထွက် ရာဇဝတ်မှုနဲ့ ဒရာမာဇာတ်ကားဖြစ်ပြီး Ryan Gosling၊ Eva Mendes နဲ့ Bradley Cooper တို့ ပါဝင်ထားပါတယ်။ ဇာတ်ကားတစ်ကားအတွင်း ဇာတ်လမ်းသုံးခုကို ဆက်စပ်တင်ပြထားတဲ့ ပုံစံနဲ့ ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကြောင်း