ဇာတ်ကားများ ရွေးရန်

Section 8

2022ဇာတ်ကားအမှတ် 6.7/1098 မိနစ်

မိုဆူးလ်က တိုက်ပွဲတစ်ပွဲမှာ စစ်သား ဂျိတ်နဲ့ သူ့အရာရှိ တွမ်မေဆင်တို့ အသက်ဘေးကနေ လက်မတင် လွတ်မြောက်လာခဲ့ကြပါတယ်။ ငါးနှစ်အကြာမှာတော့ ဂျိတ်ဟာ အိမ်ပြန်ရောက်နေပြီး ဦးလေး အာလ်ရဲ့ဆိုင်မှာ ကားပြင်သမားအဖြစ် အလုပ်လုပ်နေတယ်။ ဇနီး အက်ရှ်၊ သား ဝက်စ်တို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေခဲ့တာပါ။ တစ်နေ့မှာ လူရမ်းကားတစ်သိုက်က ဦးလေးကို နှောင့်ယှက်ပြီး ငွေညှစ်လာလို့ ဂျိတ် ဝင်တားခဲ့တယ်။ သူတို့ကို အနိုင်ယူလိုက်နိုင်ပေမယ့် လူရမ်းကားတွေက မိသားစုအသက်အန္တရာယ်နဲ့ ခြိမ်းခြောက်သွားကြပါတယ်။ နောက်တော့ ဂျိတ် မထင်မှတ်ထားတဲ့အချိန်မှာ သူ့ဇနီးနဲ့ သားကို သတ်ပြီး လက်တုံ့ပြန်လိုက်ကြတယ်။ မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ ဂျိတ်က သူတို့အပေါ် ဘယ်လိုလက်စားချေမလဲ။ ဘဝတစ်ခုလုံး ပြောင်းပြန်လှန်သွားတဲ့နောက် Section Eight ဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းထဲ ဘယ်လိုရောက်သွားပြီး လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာမလဲဆိုတာကို ဆက်ပြထားတဲ့ အက်ရှင်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း