ဇာတ်ကားများ ရွေးရန်

Aa Ammayi Gurinchi Meeku Cheppali

2022ဇာတ်ကားအမှတ် 3.5/10142 မိနစ်

နာဗင်းက တစ်နှစ်အတွင်း ရိုက်ခဲ့တဲ့ ကြော်ငြာခြောက်ခုဆက်တိုက် အောင်မြင်ထားတဲ့ တက်သစ်စဒါရိုက်တာတစ်ယောက်ပါ။ တစ်နေ့ ပရိုဂျူဆာအိမ်က ပြန်လာရင်း အမှိုက်ကားနဲ့ တိုက်မိရာက လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ရိုက်ထားဟန်တူတဲ့ ဖလင်ဟောင်းတစ်ခုကို ကောက်ရခဲ့တယ်။ ဖလင်ထဲက မိန်းကလေးရဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်ပုံကို သဘောကျသွားပြီး သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် တင်ရိုက်ဖို့ လိုက်ရှာပါတော့တယ်။ ရှာတွေ့တဲ့အခါမှာတော့ အဲဒီမိန်းကလေးဟာ ရုပ်ရှင်မရိုက်ဖူးရုံတင်မက ရုပ်ရှင်တစ်ခါမှ မကြည့်ဖူးတဲ့ မျက်စိဆရာဝန်တစ်ယောက် ဖြစ်နေတယ်။ သူကိုယ်တိုင်ရော မိသားစုကပါ ရုပ်ရှင်ဆိုတဲ့စကားကိုတောင် မကြားချင်လောက်အောင် ခါးခါးသီးသီး မုန်းနေကြပါတယ်။ နာဗင်းက သူ့ကို မင်းသမီးအဖြစ် ပါဝင်လာအောင် ဘယ်လိုစည်းရုံးမလဲ။ ရုပ်ရှင်ကို ဒီလောက်မုန်းပြီး မရိုက်ဖူးဘူးဆိုတဲ့သူက ဖလင်ဟောင်းထဲမှာ ဘာကြောင့် ပါနေတာလဲ။

ဇာတ်လမ်းအကြောင်း