ဇာတ်ကားများ ရွေးရန်

Chokher Bali

2003ဇာတ်ကားအမှတ် 7.2/10167 မိနစ်

ဘီနိုဒီနီဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပြီး တစ်နှစ်အကြာမှာပဲ ခင်ပွန်းဆုံးပါးသွားလို့ မုဆိုးမဖြစ်လာရသူပါ။ မုဆိုးမတွေအပေါ် တားမြစ်ကန့်သတ်ချက်တွေ များတဲ့ လူ့အသိုင်းအဝိုင်းမှာ သူမဟာ အရွယ်ကောင်းတုန်း ခံစားချက်တွေနဲ့ ကိုယ်ခန္ဓာရဲ့လိုအင်ဆန္ဒတွေကို မြိုသိပ်ထားရပါတယ်။ နောက်အိမ်ထောင်ပြုခွင့်ကနေ စားသောက်နေထိုင်ပုံအထိ ကန့်သတ်ထားတဲ့ အယူအဆတွေကြားမှာ နေထိုင်ရင်း ဘီနိုဒီနီဟာ အိမ်ထောင်ရှိပြီးသား အမျိုးသားတစ်ယောက်နဲ့ ခံစားချက်ချင်း ဖလှယ်မိလာတယ်။ အဲဒီကနေ သူမရဲ့ဆန္ဒတွေနောက် လိုက်မိပြီး ရုန်းထွက်ရခက်တဲ့ ဆက်ဆံရေးထဲ တိုးဝင်သွားပုံကို ရေးဖွဲ့ထားပါတယ်။ အရှ်က ငယ်ရွယ်တဲ့မုဆိုးမ ဘီနိုဒီနီရဲ့ ခံစားချက်တွေကို သရုပ်ဆောင်ထားတာပါ။

ဇာတ်လမ်းအကြောင်း