ဇာတ်ကားများ ရွေးရန်

Oh! My Ghost

2022ဇာတ်ကားအမှတ် 5.0/1098 မိနစ်

သရဲတွေကို မြင်နိုင်တဲ့ ထယ်မင်းဟာ အကြွေးဆပ်ဖို့ အလုပ်ရှာရင်း ဂန်ဆယ်အာ ရိုက်ကူးရေးစတူဒီယိုမှာ အလုပ်ရသွားပါတယ်။ အဲဒီစတူဒီယိုမှာ သရဲမလေးတစ်ယောက် သောင်းကျန်းနေတာ ကြာပြီဖြစ်လို့ ဘယ်သူမှ ညစောင့်မလုပ်ရဲကြဘူး။ ညဘက်ဆို ဒီအတိုင်း ပစ်ထားရတဲ့နေရာမှာ ထယ်မင်းကတော့ ငွေရဖို့အတွက် ညစောင့်ဝင်လုပ်လိုက်တယ်။ တစ်ဖက်မှာလည်း စတူဒီယိုရဲ့ CEO ဟာ ဒီနေရာကို ဈေးကြီးပေးဝယ်ထားပြီး တစ်စုံတစ်ခုကို အသည်းအသန် ရှာနေပါတယ်။ ထယ်မင်း၊ သရဲမလေးနဲ့ CEO တို့ ဘယ်လိုတွေ ဆုံမိပြီး အဖွဲ့ဖြစ်လာကြမလဲ၊ ဆုံတွေ့ပြီးနောက် ဘယ်လိုပဟေဠိတွေကို ဖော်ထုတ်ကြမလဲဆိုတာကို ဟာသနဲ့ ထိတ်လန့်စရာတွေ ရောပြီး တင်ဆက်ထားပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ 2AM အဖွဲ့ဝင် Jung Jin-Woon နဲ့ ကလေးသရုပ်ဆောင်အဖြစ် လူသိများတဲ့ Ahn Seo-Hyun တို့ပါ။

ဇာတ်လမ်းအကြောင်း