ဇာတ်ကားများ ရွေးရန်

Elektra

2005ဇာတ်ကားအမှတ် 5.0/1097 မိနစ်

Elektra 2005 ဟာ ကနေဒါအမေရိကန်စူပါဟီးရိုးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်....Elektra  ရဲ့အစွမ်းကတစ္ဆေတစ်ကောင်လို လျင်မြန်စွာသွားလာနိုင်တာပဲဖြစ်ပါတယ်...Elektra ရုပ်ရှင်ကိုဇန်နဝါရီလ ၁၄ ရက် ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့ပြီး ထုတ်လုပ်မှု့ငွေကြေး ဒေါ်လာ ၄၃ သန်း နဲ့ ဝင်ငွေ ဒေါ်လာ ၅၆ သန်းရရှိခဲ့တဲ့စူပါဟီးရိုးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်...Elektra သည်သူမရဲ့မိခင်ကိုသတ်ခဲ့သောလူသတ်သမားကိုမြင်လျှင် သူမရဲ့ဒေါသနဲ့အကြောက်တရားကိုမထိန်းချုပ်နိုင်ပဲ စိတ်အလိုတိုင်းလုပ်တတ်လို့ သူမရဲ့မျက်မမြင်ဆရာထံမှ တပည့်အဖြစ်ထုတ်ပယ်ခြင်းခံခဲ့ရသည်....ကြေးစားလူသတ်မှု့များကိုတစ်ခုပြီးတစ်ခုလုပ်ကိုင်ရင်း....အမည်မသိဌားရမ်းတဲ့လူတစ်ယောက်ဆီကနေ ကြီးမားသောကမ်းလှမ်းမှု့တစ်ရပ်ကိုလက်ခံရရှိခဲ့ပါတယ်....ထို့ကြောင့် သူမရဲ့သားကောင်ဖြစ်တဲ့ လူရဲ့အနီးကပ်ဆုံးနေရာကျွန်းပေါ်တွင် အိမ်ဌားကာ သူမအတွက်အမိန့်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်....ထိုသို့စောင့်ဆိုင်းနေစဉ်အတွင်း ကျွန်းပေါ်ရှိသားအဖနှစ်ယောက်နဲ့တွေ့ဆုံမိပြီး သံယောဇဉ်ဖြစ်လာရာကနေ ထိုသားဖနှစ်ယောက်မှာသူသတ်ရမယ့် လူနှစ်ယောက်ဖြစ်လာသောအခါ ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်.... File Size : 905.0MB , 393.8MB Quality : BlueRay 720p HD  Duration : 01:39:50 Subtitle : Myanmar Subtitle (Hardsub) Encoder : Moe Myint Lwin

ဇာတ်လမ်းအကြောင်း