ဇာတ်ကားများ ရွေးရန်

My Dear Bodyguard

2022ဇာတ်ကားအမှတ် 3.0/1082 မိနစ်

Hang Bin ဟာ ပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်တစ်ယောက်ပါ။ Sherry တို့သားအဖကို ကာကွယ်ပေးရတဲ့ တာဝန်မှာ ကျရှုံးခဲ့ပြီး မိသားစုတစ်စုလုံး အသတ်ခံလိုက်ရတယ်။ Sherry ရဲ့အဖေပိုင်တဲ့ အန္တရာယ်ရှိ စမ်းသပ်ပစ္စည်းလည်း ပျောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်နောက်ပိုင်း Hang Bin ဟာ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဘဲ အပြစ်တင်ရင်း ဘဝကို ဖြစ်သလို ဖြတ်သန်းနေခဲ့တယ်။ ၁၅ နှစ်အကြာမှာ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်ကြောင့် အဆိုတော်မလေးတစ်ဦးရဲ့ သက်တော်စောင့်အဖြစ် လုပ်ကိုင်ဖို့ အကြောင်းဖန်လာပါတယ်။ အဆိုတော်မလေးက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ဆက်တိုက်ခံနေရတာကြောင့် Hang Bin လည်း သူမကို ကာကွယ်ရင်း အခက်အခဲတွေ ရင်ဆိုင်ရပြန်တယ်။ ဒီအန္တရာယ်တွေနောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ၊ ဘာကြောင့် ဒီလိုလုပ်နေရတာလဲဆိုတာကို ဖော်ထုတ်ရဦးမှာပါ။

ဇာတ်လမ်းအကြောင်း