ဇာတ်ကားများ ရွေးရန်

In the Shadow of the Naga

2008ဇာတ်ကားအမှတ် 6.5/1092 မိနစ်

ပန်၊ ပေါ်နဲ့ စင်ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ ငွေသယ်လာတဲ့ကားကို ဓားပြတိုက်ပြီး ရဲတွေလိုက်ဖမ်းတာ ခံရပါတယ်။ ပေါ်နဲ့ပန်က မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးချင်လို့ စင်နဲ့ပေါင်းပြီး ဒီအလုပ်ကို လုပ်ခဲ့ကြတာပါ။ ထွက်ပြေးရင်း ပေါ်က ငွေအိတ်ကို ယူသွားပြီး ပါလွမ့်ဘုန်းကြီးကျောင်းမှာ ဖွက်ထားခဲ့တယ်။ ဒါပေမဲ့ ငွေအိတ်ပြန်ယူဖို့ ဘုန်းကြီးကျောင်းကို ရောက်လာတဲ့အခါ ဖွက်ထားတဲ့နေရာမှာ ကျောင်းတော်ကြီး ဆောက်ထားပြီး ဖြစ်နေပါတယ်။ အဲဒီမှာနေပြီး ငွေအိတ်ရှာနိုင်ဖို့ စင်က ဆရာတော်ချင့်ကို သူနဲ့ပန်အား ဘုန်းကြီးဝတ်ပေးဖို့ ဖိအားပေးတော့တယ်။ ဒီလိုနဲ့ နှစ်ယောက်သား ဘုန်းကြီးအတုတွေအဖြစ် နေထိုင်ရင်း ငွေအိတ်ကို လိုက်ရှာကြပါတယ်။ ငွေအိတ်ကို ပြန်တွေ့နိုင်ပါ့မလား၊ ရဲတွေကရော သူတို့ကို ဖမ်းမိသွားမလား၊ ပေါ်နဲ့ပန်တို့ အမေ့ကို မျက်လုံးခွဲစိတ်ပေးချင်တဲ့ဆန္ဒရော ပြည့်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း