ဇာတ်ကားများ ရွေးရန်

Work in Vain Song Ci

2021ဇာတ်ကား96 မိနစ်

စုန့်ခေတ်မှာ အလောင်းစစ်ဆေးသူအဖြစ် လုပ်ကိုင်နေတဲ့ စုန့်ချီနေထိုင်ရာ ချန်တင်းမှာ ကျိန်စာနဲ့ပတ်သက်တဲ့ အမှုတွေ ပေါ်လာပါတယ်။ ရှေးကရှိခဲ့ပြီး ပျောက်ကွယ်နေပြီဖြစ်တဲ့ ပေါ်ရွှင်ဆိုတဲ့ မိစ္ဆာဘာသာဝင်တွေ ရောက်လာပြီး ကျိန်စာတိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ ဆက်စပ်နေတယ်။ ဒါဟာ တကယ်ပဲ မိစ္ဆာရဲ့ ကျိန်စာလား။ လောဘ၊ ဒေါသ၊ မနာလိုမှုနဲ့ ကာမအပျော်အပါးတွေကြောင့် ဖြစ်လာတဲ့ အမှုတွေကို ကျိန်စာကြောင့်လို့ ယူဆရမလား၊ လူတွေရဲ့ နဂိုစိတ်ရင်းကြောင့်ပဲ ဖြစ်လာတာလား။ စုန့်ချီက အဲဒီအမှုတွေကို စစ်ဆေးရင်း နောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေရမှာပါ။ လျှို့ဝှက်မှုတွေနဲ့ ဂမ္ဘီရဆန်တဲ့ အခြေအနေတွေကြားမှာ သူ ဘယ်လိုတွေးခေါ်ပြီး အမှုကို ဖြေရှင်းမလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့ ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း