ဇာတ်ကားများ ရွေးရန်

Men of Sacrifice

2022ဇာတ်ကား75 မိနစ်4K

ငွေမည်းနဲ့ ချမ်းသာနေတဲ့ လီတုန်းရှင်းရဲ့သမီး ပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲသူကလည်း ဖောက်ခွဲရေးဝိဇ္ဇာလို့ နာမည်ကြီးသူတစ်ဦး ဖြစ်နေတော့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့တို့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာကနေ ဇာတ်လမ်းဆက်ထားတယ်။ မသမာတဲ့နည်းနဲ့ ချမ်းသာလာသူရဲ့ မိသားစုဖြစ်လို့ လျစ်လျူရှုထားမလား၊ အသက်နဲ့ရင်းပြီး ကယ်တင်ကြမလားဆိုတဲ့ မေးခွန်းကိုလည်း တင်ထားပါတယ်။ ပြန်ပေးဆွဲမှု ဖြစ်လာရတဲ့အကြောင်းကရော သူတို့အချင်းချင်း မသင့်မြတ်တာကြောင့်ပဲလား၊ ဒါမှမဟုတ် နောက်ကွယ်မှာ ပိုလေးနက်တဲ့ အမှုတစ်ခု ရှိနေသေးတာလား။

ဇာတ်လမ်းအကြောင်း