ဇာတ်ကားများ ရွေးရန်

Lighting Up the Stars

2022ဇာတ်ကားအမှတ် 6.9/10112 မိနစ်

လောင်စန်းက ထောင်ထွက်တစ်ယောက်ဖြစ်ပြီး အဖေ့အိမ်ကို အမွေရချင်လို့ သုဘရာဇာအလုပ် လုပ်နေသူပါ။ လူသေတွေနဲ့ ပိုက်ဆံရှာတယ်ဆိုပြီး ပတ်ဝန်းကျင်က လှောင်ပြောင်ကြတဲ့အပြင် ချစ်သူကလည်း စွန့်ပစ်သွားလို့ သူ့မှာ စိတ်ပူလောင်နေရတယ်။ အဲဒီအချိန်မှာ ရှောင်ဝန်ဆိုတဲ့ ကလေးမလေးတစ်ယောက် သူ့အိမ်ရှေ့ ရောက်လာပါတယ်။ ရှောင်ဝန်က မနေ့က သူအသုဘလုပ်ပေးခဲ့တဲ့ အဘွားရဲ့ မြေးမလေးပါ။ သူ့အဘွားကို လောင်စန်းက သေတ္တာကြီးထဲထည့်ပြီး ခေါ်သွားတာလို့ သိထားတော့ ဘွားဘွားကို ပြန်ခေါ်ပေးဖို့ လာတောင်းဆိုနေတာပါ။ ကိုယ့်ပြဿနာတွေနဲ့ကိုယ် ပူလောင်နေတဲ့ လောင်စန်းတစ်ယောက် ဒီကလေးမလေးကို ဘယ်လိုဖြေရှင်းပေးရမလဲ။

ဇာတ်လမ်းအကြောင်း