Siren
သတင်းထောက်တစ်ယောက်ဟာ သားသမီးနှစ်ယောက်ကို ခေါ်ပြီး တိုကျိုကနေ လူသူဝေးတဲ့ ကျွန်းတစ်ကျွန်းဆီ ပြောင်းလာပါတယ်။ သားငယ်လေးက ကျန်းမာရေးမကောင်းတာကြောင့် သူ့ရောဂါအတွက် နေရထိုင်ရ အဆင်ပြေမယ့်နေရာကို ရွေးလာကြတာပါ။ ဒါပေမယ့် ကျွန်းပေါ်က လူတွေဟာ ထူးထူးခြားခြား ဖြစ်နေသလို ကျွန်းမှာလည်း ဒဏ္ဍာရီတစ်ခု ရှိနေတယ်။ ရေသူမအော်သံကြားရင် အပြင်မထွက်ဖို့၊ ထွက်မိရင် အသတ်ခံရလိမ့်မယ်ဆိုတဲ့ အကြောင်းပါ။ တိုကျိုက ပြောင်းလာတဲ့ သားအဖတွေအတွက်တော့ ဒီစကားက ရယ်စရာလို ဖြစ်နေပါတယ်။ တစ်ညမှာ ရေသူမအော်သံလို့ ခေါ်ကြတဲ့ အသံကြီးကို ကြားလိုက်ရတယ်။ အဲဒီညမှာပဲ အဖေဖြစ်သူက တိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်ဖို့ တောအုပ်ထဲ ထွက်သွားပြီး မနက်လင်းတဲ့အထိ ပြန်မလာတော့ပါဘူး။ ရေသူမအော်သံဟာ ဒဏ္ဍာရီသက်သက်လား၊ တကယ်ပဲ တစ်ခုခုရှိနေတာလားဆိုတဲ့ မေးခွန်းနဲ့ ဆက်သွားတဲ့ ဂျပန်သရဲကားဖြစ်ပြီး Siren ဗီဒီယိုဂိမ်းစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကြောင်း