Love Hunter
အသက်နှစ်ဆယ်ဝန်းကျင် ကောလိပ်ကျောင်းသား ကာဇူအိုဟာ ကျောင်းနေဖက်သူငယ်ချင်း ဟီဆာကိုနဲ့ ချစ်သူတွေဖြစ်နေကြပါတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ရဲ့ဘဝထဲကို နားလည်ရခက်ပြီး ထူးခြားဆန်းကြယ်တဲ့ သက်လတ်ပိုင်းအမျိုးသမီး ကျိုကို ဝင်ရောက်လာတယ်။ ကျိုကိုက ချမ်းသာပြီး အဆင့်အတန်းမြင့်တဲ့ အသိုင်းအဝိုင်းက လာသူပါ။ အရာရာပြည့်စုံနေပေမဲ့ သာယာမှုကို နည်းမျိုးစုံနဲ့ ရှာဖွေရင်း မကောင်းသတင်းထွက်စရာ အဖြစ်အပျက်တွေလည်း ရှိထားသူဖြစ်ပါတယ်။ ကာဇူအိုနဲ့ ဟီဆာကိုတို့ဟာ ကိုယ့်ကိုယ်ကိုယ် သတိမထားမိခင်မှာပဲ ကျိုကိုတို့အသိုင်းအဝိုင်းရဲ့ စည်းဘောင်မဲ့လွတ်လပ်မှု၊ နာကျင်မှုနဲ့ သာယာမှုတွေ ရောထွေးနေတဲ့ လောကထဲကို ဝင်ရောက်မိသွားကြတယ်။ ဒီဇာတ်ကားဟာ ဆွေမျိုးနီးစပ်သူတွေကြားက လိင်ဆက်ဆံမှုမျိုးကို သဘောဆောင်တဲ့ ဇာတ်ဝင်ခန်းတွေကြောင့် ညစ်ညမ်းမှုနဲ့ တရားစွဲခံခဲ့ရပြီး နှစ်နှစ်နီးပါး တရားရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီတရားစွဲမှုကြောင့်ပဲ ဇာတ်ကားကို ပိုလူသိများလာခဲ့တယ်လို့ မူရင်းအညွှန်းမှာ ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း