ဇာတ်ကားများ ရွေးရန်

Vive L'Amour

1995ဇာတ်ကားအမှတ် 7.1/10118 မိနစ်

တစ်ယောက်ရှိနေတာကို တစ်ယောက်မသိဘဲ အခန်းတစ်ခန်းတည်းမှာ နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းပါ။ Tsai Ming-liang က သူတို့သုံးယောက်ရဲ့ အကြောင်းတွေကို ဆက်စပ်ပေးထားပြီး ဇာတ်လမ်းငယ်တွေကိုလည်း ကြားထဲမှာ ထည့်သွင်းထားပါတယ်။ စကားပြောခန်းနည်းနည်းနဲ့ ရုပ်ပုံတွေကနေ အကြောင်းအရာကို ပြောပြသွားတဲ့ သူ့ရဲ့တင်ပြပုံကို ဒီကားမှာလည်း တွေ့ရပါတယ်။ Tsai Ming-liang ဟာ Edward Yang၊ Hou Hsiao-hsien တို့ ပါဝင်ခဲ့တဲ့ ထိုင်ဝမ်နယူးဝေ့နောက်က ဒုတိယနယူးဝေ့နဲ့ ဆက်စပ်နေတဲ့ ဒါရိုက်တာတစ်ဦးပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ ထိုင်ပေမြို့ရဲ့ အငွေ့အသက်တွေ ထင်ရှားပေမယ့် နောက်ပိုင်းလက်ရာတွေကတော့ နေရာဒေသထက် လူတွေကြုံရတဲ့ အခက်အခဲနဲ့ အာသီသတွေဘက်ကို ပိုအာရုံစိုက်လာတယ်လို့ မူရင်းအညွှန်းက သုံးသပ်ထားပါတယ်။ Vive L'Amour က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး အနောက်တိုင်းရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့ပါတယ်။ ဒီကားထဲက ပုံရိပ်တချို့ဟာ နိမိတ်ပုံဆန်ပြီး အဓိပ္ပာယ်ဖော်ရ မလွယ်တာမျိုးလည်း ရှိပါတယ်။ အရိုးအိုးရောင်းတဲ့နေရာကို ဇာတ်ကားရဲ့ အကြောင်းအရာနဲ့ ဆက်စပ်ဖော်ပြထားသလို ဖရဲသီးတစ်လုံးကနေ အာသီသကို ပုံဖော်ထားတယ်လို့လည်း မူရင်းက အဓိပ္ပာယ်ကောက်ထားတယ်။ ဒါရိုက်တာဆိုလိုချင်တာကို အဖြေတစ်ခုတည်းရအောင် ရှာတာထက် မြင်ရတဲ့ပုံရိပ်တွေကနေ ကိုယ်တိုင်ခံစားပြီး အဓိပ္ပာယ်ဖော်ကြည့်နိုင်တဲ့ ရုပ်ရှင်မျိုးပါ။ ပြင်သစ်စကားဖြစ်တဲ့ Vive L'Amour ဟာ “ချစ်သက်ရှည်စေ” လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီခေါင်းစဉ်နဲ့ ရုပ်ရှင်ထဲက အကြောင်းအရာကို ဆက်စပ်ခံစားပုံကတော့ ကြည့်သူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။

ဇာတ်လမ်းအကြောင်း