ဇာတ်ကားများ ရွေးရန်

Detective Dee and Dragon Hidden Lair

2023ဇာတ်ကားအမှတ် 3.0/1063 မိနစ်

ထန်မင်းဆက်ခေတ်မှာ မင်းကြီးနဲ့ ဘုရင်မကြီးတို့ရဲ့ အုပ်ချုပ်မှုအောက်က လော့ယန်မြို့ဟာ စီးပွားရေးတိုးတက်ပြီး အေးအေးချမ်းချမ်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ရေကြောင်းစောင့်ကြပ်ရေးတပ်ဖွဲ့တစ်ဖွဲ့ မြစ်လယ်ခေါင်မှာ သတ်ဖြတ်ခံလိုက်ရတဲ့အခါ တစ်မြို့လုံး ထိတ်လန့်သွားတော့တယ်။ ဘယ်သူလုပ်သွားမှန်း မသိရသလို တပ်ဖွဲ့ထဲက အသက်ရှင်ကျန်သူလည်း တစ်ယောက်မှ မရှိပါဘူး။ ဒီအမှုကို စုံထောက်ကြီးဒီးရန်ကျယ်နဲ့ သူ့အပေါင်းအပါတွေက စတင်စုံစမ်းကြပါတယ်။ သဲလွန်စတစ်ခုချင်းနောက် လိုက်သွားရင်း ဘယ်လိုထူးဆန်းတဲ့ အဖြစ်တွေကို တွေ့ကြရမလဲ၊ လူသတ်မှုရဲ့ အဖြစ်မှန်ကို ဖော်ထုတ်နိုင်မလား၊ ထန်မင်းဆက်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကို ဆက်လက်တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း