Almost Paradise aka El Paraiso
El Paraiso (2023) "၅၂၈ မေတ္တာဘုံ" အီတလီကားတွေ ထုံးစံအတိုင်း ခပ်ဖြည်းဖြည်းချင်း စီးမျောခံစားရမဲ့ ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ သားအမိနှစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ပြီး သူတိုရဲ့ဘ၀အခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဒရာမာနှောပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကို ဂျူလီယိုတိုသားအမိ ဘားမှာကဲနေတဲ့ပုံနဲ့ အစပျိုးထားပါတယ်။ အမေတစ်ခု သားတစ်ခုဘ၀မှာ သူတိုနှစ်ဦးဟာ တစ်ခါတလေ သူငယ်ချင်းပေါင်း ပေါင်းတတ်တဲ့သားအမိမျိုးပါ။ ဒါပေမဲ့ သားအမိတွေရဲ့ထုံးစံအတိုင်း အမြဲတည့်နေတာတော့ မဟုတ်ပါဘူး။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ။ အသက်သာကြီးပေမဲ့ အမေကိုမခွဲနိုင်မခွာရက်တဲ့ ဂျူလီယိုဟာ မားမားဘွိင်းကြီး ဖြစ်မှန်းမသိဖြစ်နေတာပါ။ တခြားသူနဲ့ လည်ပတ်ပျော်ပါးတာထက် သူ့အမေနဲ့ နေချိန်က ပိုများပါတယ်။ တစ်နေ့တော့ သူတိုသားအမိကြား မိန်းကလေးတစ်ယောက် အလည်ရောက်လာပါတယ်။ မားမားဘွိင်းတွေရဲ့ထုံးစံအတိုင်း အမေဖြစ်သူနဲ့မိန်းကလေးကြား ဂျူလီယိုတစ်ယောက် ဗျာများရပါတော့တယ်။ ဒီလိုနဲ့ သူတို့သားအမိကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ခပ်မျောမျောလေး ဆက်လက်ခံစားကြည့်ရှုကြရမှာပါ။ ရိုးရိုးအချစ်ကားလားဆိုတော့လည်း မဟုတ်ပါဘူးနော်... အီတလီဒရာမာတွေရဲ့ထုံးစံအတိုင်း ကြည့်နေရင်းနဲ့မှ emotional ဘက်ကိုသွားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေ မထင်မှတ်တဲ့ပြဿနာတွေကို ဖြည်းဖြည်းချင်း ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ KKKZ ~ Cym တို ဖြစ်ပါတယ်။ File size…2.1 GB / 917 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo ~ KKKZ ~ Cym
ဇာတ်လမ်းအကြောင်း