Karthikeya
ရွာတစ်ရွာက နာမည်ကြီးဘုရားကျောင်းတစ်ခုမှာ ကျိန်စာသင့်နေတယ်ဆိုတဲ့ အဖြစ်တွေ ပေါ်ပေါက်နေပါတယ်။ ဘုရားကျောင်းထဲ ဝင်ထွက်သူတွေသာမက အဲဒီကျောင်းအကြောင်း ပြောမိသူတွေပါ အသက်ဆုံးရှုံးနေကြတာပါ။ ထူးဆန်းတာက သေဆုံးသူအားလုံး မြွေကိုက်ခံရပြီး သေဆုံးကြတာ ဖြစ်ပါတယ်။ အဲဒီရွာကို ဆေးကုသဖို့ ရောက်လာသူကတော့ မေးခွန်းတစ်ခုရှိလာရင် အဖြေမရမချင်း ကျေနပ်တတ်သူ မဟုတ်ပါဘူး။ နီခေလ်ဆစ်ဒါရ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကောင်ဟာ မိမိဆီရောက်လာတဲ့ ပဟေဠိတွေကို ဖြေရှင်းတတ်သူဖြစ်ပြီး စပ်စုချင်စိတ်လည်း ရှိနေတော့ ဘုရားကျောင်းအကြောင်း စုံစမ်းပါတော့တယ်။ ဒါပေမယ့် လူတွေသေဆုံးနေရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်း သူကိုယ်တိုင်လည်း အန္တရာယ်နဲ့ ကြုံလာရပါတယ်။
ဇာတ်လမ်းအကြောင်း