ဇာတ်ကားများ ရွေးရန်

Nussa

2021ဇာတ်ကားအမှတ် 6.7/10107 မိနစ်

နူဆာဟာ ခြေတစ်ဖက်မသန်ပေမယ့် သိပ္ပံပညာမှာ ထူးချွန်တဲ့ ကလေးတစ်ယောက်ပါ။ ဒုံးပျံလေးတွေ ဖန်တီးရင်း အာကာသထဲသွားဖို့ စိတ်ကူးယဉ်တတ်ပြီး ကျောင်းက သိပ္ပံပြိုင်ပွဲတွေမှာလည်း အမြဲဆုရလေ့ရှိတယ်။ ပျော်စရာမိသားစုနဲ့ သူငယ်ချင်းတွေရှိတဲ့ သူ့ဘဝမှာ အဖေက အဝေးရောက်နေတာကိုတော့ လွမ်းနေရပါတယ်။ လာမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ အဖေပြန်လာဖို့လည်း မျှော်နေတယ်။ အဲဒီအချိန်မှာ သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ ကျောင်းသားသစ် ရောက်လာပါတယ်။ ဂျွန်နီကလည်း နူဆာလိုပဲ ဒုံးပျံဖန်တီးရာမှာ ထူးချွန်သူပါ။ ချမ်းသာတဲ့မိသားစုက ဖြစ်ပေမယ့် မိဘတွေ အလုပ်များနေပြီး သူငယ်ချင်းလည်း မရှိတော့ အထီးကျန်နေတတ်တယ်။ သူမျှော်လင့်နေတာက မိဘတွေရဲ့ အာရုံစိုက်မှုပါ။ အင်ဒိုနီးရှားက ဒီကာတွန်းရုပ်ရှင်မှာ နူဆာနဲ့ ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတွေ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်း ဖြစ်နေကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့နှစ်ယောက် ရင်းနှီးခင်မင်လာနိုင်မယ့် အကြောင်းတစ်ခု ပေါ်လာပါတယ်။

ဇာတ်လမ်းအကြောင်း