xxxHOLiC
ဝါတနုကိဆိုတဲ့ အထက်တန်းကျောင်းသားဟာ တခြားသူတွေ မမြင်နိုင်တဲ့ အငြိုးကြီးသရဲတစ္ဆေတွေကို မြင်နေရသူပါ။ အမြဲလိုလို သူတို့လက်ကနေ ထွက်ပြေးနေရတော့ ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး မပေါင်းသင်းနိုင်ဘဲ တစ်ယောက်တည်း ဖြစ်နေပါတယ်။ သူလိုချင်တာက ဒီအစွမ်းကနေ လွတ်မြောက်ပြီး သာမန်လူတစ်ယောက်လို နေနိုင်ဖို့ပါ။ တစ်နေ့မှာတော့ လိပ်ပြာတစ်ကောင် ရောက်လာပြီး သူ့ကို ဆန်းကြယ်တဲ့ဆိုင်တစ်ဆိုင်ဆီ ခေါ်သွားတယ်။ ဆိုင်ရှင်က ယုကိုစံလို့ခေါ်တဲ့ မှော်ဆရာမတစ်ယောက်ပါ။ အဲဒီဆိုင်ဟာ ဆုတောင်းရှိသူတွေရဲ့ရှေ့မှာပဲ ပေါ်လာတတ်ပြီး ဆုတောင်းကို ဖြည့်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တောင်းတဲ့ဆုနဲ့ တန်ညီတဲ့အရာတစ်ခုကို ပြန်ပေးဆပ်ရမှာပါ။ Clamp ရဲ့ manga စီးရီးကို လူသရုပ်ဆောင်တွေနဲ့ ပြန်ရိုက်ထားတဲ့ ဒီဇာတ်ကားမှာ ဝါတနုကိရဲ့ သရဲမမြင်ချင်တော့တဲ့ ဆုတောင်းအတွက် ဘယ်လိုတန်ကြေး ပေးရမလဲ၊ အဲဒီနောက် သူဘာတွေ ကြုံရဦးမလဲဆိုတာကို ဆက်ပြောပြထားပါတယ်။
ဇာတ်လမ်းအကြောင်း