ဇာတ်ကားများ ရွေးရန်

Quills

2000ဇာတ်ကားအမှတ် 7.1/10124 မိနစ်

မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Quills ( က​လောင်​တံများ) IMDB - 7.3 ခရမ်​းချဉ်​သီး - ၇၅ လုံး ဒီပုံပြင်​မှာ ဘယ်​သူက မတရားတာလဲ။ * တစ်​စက်​မှ အဓိပ္ပါယ်​မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ​ရေးချပြီး သူ​သေပြီးတဲ့​နောက်​ တစ်​စုံတစ်​ရာ ချန်​ခဲ့ချင်​တဲ့ စာ​ရေးဆရာ အရူးတစ်​​ယောက်​....။ * ​မေတ္တာတရား ခွင်​့လွှတ်​ခြင်​းကို အ​လေးထားတဲ့ ခရစ်​ယာန်​ ဘုန်​း​တော်​ကြီး တစ်​​ယောက်​....။ * အရူး​တွေကို သူ့နည်​းသူ့ဟန်​နဲ့ နှိပ်​စက်​ပြီး ကုသတတ်​တဲ့ ​ဒေါက်​တာ တစ်​​ယောက်​..။ ကျွန်​​တော်တို​့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက်​ က​လောင်​သွားထက်​တယ်​တဲ့..။ လိင်​မှု ကိစ္စ​တွေကို အပွင့်​လင်​းဆုံး ​ရေးထားပြီး ဂုဏ်​သိက္ခာ​တွေ စည်​း​တွေ မပါပဲ လူ့​လောကကြီးကို အရိုးသားဆုံး အမြင်​နဲ့ ​ရေးသားခဲ့တဲ့ စာ​ရေးဆရာတစ်​​ယောက်​ရဲ့ ​ရေးသားမှု​တွေဟာ တစ်​ချို့လူ​တွေရဲ့ ဆုံးဖြတ်​ချက်​​တွေကို သက်​​ရောက်​​စေခဲ့ပါတယ်​။ ဒါ့အပြင်​ အဲ့​ခေတ်​အဲ့ဒီအခါအ​နေနဲ့ ညစ်​ညမ်​းလွန်​း​နေပြန်​ပါတယ်​။ ဒီ​တော့ သူ့ကို နည်​းမျိူးစုံနဲ့ စာမ​ရေး​အောင်​ ထိန်​းသိမ်​းရပါတယ်​။ စာ​ရေးဆရာတစ်​​ယောက်​ရဲ့ စာ​ရေးချင်​စိတ်​ ပန်​းချီဆရာတစ်​​ယောက်​ရဲ့ ပန်​းချီဆွဲချင်​စိတ်​ ဒါ​တွေကို ဘယ်​တံတိုင်​း​တွေကမှ တားဆီးမရပါဘူး။ ဒီ​တော့ သူ ရ​အောင်​ ​ရေးပြီး နည်​းမျိုးစုံနဲ့ အပြင်​ထုတ်​ခဲ့ပါတယ်​။ သူဟာ လူ​ကောင်​းတစ်​​ယောက်​ မဟုတ်​ခဲ့ပါဘူး ကိုယ်​့ကိုယ်​ထဲက ​သွေးနဲ့ပါ​ရေးခဲ့တဲ့သူ့အနုပညာ ဘဝကိုဒီမှော်ရုံတောထဲ နှစ်မြှပ်ထားတဲ့ အနုပညာသမားစစ်​စစ်​ဆိုတာ က​တော့မမှားပါဘူး။ ဒီဇာတ်​လမ်​းမှာ သူဟာ စိတ်​ကျန်​းမာ​ရေး ​ဆေးရုံက အရူးပါ။ ကျွန်​​တော်​့အမြင်​မှာ​တော့ သူ မရူးခဲ့ပါဘူး။ ​လောကကြီးမှာ အ​ကောင်​း​ရော အဆိုး​ရော ရှိပါတယ်​။ အ​ကောင်​းမြင်​တက်​တဲ့လူက ​ကောင်​းတယ်​ ထင်​ပြီး အဆိုးမြင်​တက်​တဲ့ လူက ဆိုးရွားတယ်​ ထင်​ပါမယ်​။ ဒီပုံပြင်​မှာ​ရော ခင်​ဗျားတို့က ဘယ်​သူ့ကို ဆိုးတယ်​ထင်​ပြီး ဘယ်​သူ့ကို ​ကောင်​းတယ်​ ထင်​ကြမှာပါလဲ...။ ဒီပုံပြင်​ဟာ က​လောင်​တံကို မှင်​အိုးထဲ အဆုံးထိနှစ်​ပြီး မသာယာတဲ့ ​လောကကြီးမှာ လွတ်​လပ်​မှုကို ရှာ​ဖွေခဲ့တဲ့ လူတစ်​​ယောက်​အ​ကြောင်​းပါ။ သရုပ်​​ဆောင်​​တွေ...ဇာတ်​အိိမ်​​တွေ.. စကားလုံး​တွေ....အကုန်​လှပတဲ့ ဇာတ်​လမ်​းတစ်​ပုဒ်​ပါ။ ဒီ​တော့ စာမျက်​နှာ​လေးကို စလှန်​ကြည်​့လိုက်​ကြပါ။ R-Rated ဖြစ်လို့ တချို့အခန်းတွေကတော့ မိသားစုနဲ့မကြည့်သင့်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ပါ။) File size…(999 MB) and (500 MB) Quality…WEB-DL Rip 720p Format…mp4 Duration….02:04:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung

ဇာတ်လမ်းအကြောင်း