The Legend of Enveloped Demons
လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက မိစ္ဆာတွေဟာ လူသားတွေ နေထိုင်ရာကမ္ဘာကို ဝင်ရောက်ဖျက်ဆီးခဲ့ကြပါတယ်။ ပြည်သူတွေ မိစ္ဆာဒဏ်ကို အလူးအလဲခံနေရချိန်မှာ လျဲ့ယန်မီးတောင်ထဲက အနက်ရောင်သံဆိုတဲ့ အထူးသတ္တုဟာ သူတို့ကို တိုက်ခိုက်ဖို့ အားကိုးစရာဖြစ်လာတယ်။ ဒီသတ္တုနဲ့ လုပ်ထားတဲ့လက်နက်တွေက မိစ္ဆာတွေအပေါ် ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်ပေမယ့် သာမန်သက်ရှိတွေကတော့ သတ္တုရဲ့စွမ်းအားကို မခံနိုင်ကြပါဘူး။ မိစ္ဆာတွေကို နှိမ်နင်းလိုတဲ့ ရဲရင့်သူတွေဟာ မီးတောင်ဆီ ရောက်လာကြပြီး ကိုယ့်ခြေလက်တွေကို စတေးကာ သံနဲ့ပြုလုပ်ထားတဲ့ ခြေတုလက်တုတွေ တပ်ဆင်ခဲ့ကြတယ်။ သူတို့က ကိုယ့်ကိုယ်ကို “မိစ္ဆာနှိမ်နင်းသူ” လို့ ခေါ်ကြပါတယ်။ လူသားတွေနဲ့ မိစ္ဆာတွေကြားမှာ ရပ်တည်တိုက်ခိုက်ပေးနေပေမယ့် သတ္တုရဲ့စွမ်းအားက သူတို့ကိုယ်သူတို့လည်း တဖြည်းဖြည်း ဝါးမျိုနေဆဲပါ။ ကိုယ်ကျိုးစွန့်ပေးနေတဲ့ သူတို့ကို လူတွေက အနှောင့်အယှက်တစ်ခုလို မြင်ကြပြီး အမည်မသိသူရဲကောင်းတွေအဖြစ်ပဲ နေကြရတယ်။ နောက်ဆုံး မိစ္ဆာနှိမ်နင်းသူမျိုးဆက်ထဲက သစ္စာကျိန်ဆိုထားကြတဲ့ ညီအစ်ကိုသုံးယောက်ဟာ မတော်တဆမှုတစ်ခုကြောင့် မိစ္ဆာပြန်လည်မွေးဖွားခြင်းအကြောင်း သိသွားပါတယ်။ ဆက်စုံစမ်းလာတဲ့အခါ ဒီအဖြစ်တွေနောက်မှာ မိစ္ဆာနှိမ်နင်းသူတွေကို ဆန့်ကျင်ဖို့ တမင်စီစဉ်ထားတဲ့ ကြံစည်မှုတစ်ခု ရှိနေတာ ပေါ်လာတယ်။ သစ္စာဖောက်မှု၊ စွန့်လွှတ်စတေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကြားမှာ သူတို့ မကောင်းမှုကို အနိုင်ယူနိုင်ကြမလား။
ဇာတ်လမ်းအကြောင်း