ဇာတ်ကားများ ရွေးရန်

Alice, Darling

2022ဇာတ်ကားအမှတ် 5.9/1090 မိနစ်

Anna Kendrick သရုပ်ဆောင်ထားတဲ့ ကောင်မလေးရဲ့ဘဝမှာ အနီးကပ်ရှိနေသူတွေက သူငယ်ချင်းနှစ်ယောက်နဲ့ ပန်းချီဆရာချစ်သူပဲ ရှိပါတယ်။ သူ့ချစ်သူက မာနကြီးပြီး ကိန်းကြီးခန်းကြီးနိုင်သလို သူမကိုလည်း သူ့စိတ်ကြိုက်ပုံစံအတိုင်း ဖြစ်စေချင်တယ်။ သူငယ်ချင်းနှစ်ယောက်နဲ့ ပေါင်းသင်းတာကိုပါ မလိုလားတဲ့အတွက် သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့မှာ သူမက ချစ်သူကိုလိမ်ပြီး သူငယ်ချင်းတွေနဲ့ ကျေးလက်က အိမ်တစ်အိမ်ဆီ အပျော်ခရီးထွက်လာခဲ့ပါတယ်။ သူတို့ရောက်လာတဲ့အရပ်မှာ ပျောက်ဆုံးနေတဲ့ ကောင်မလေးတစ်ယောက်ကို လူတွေ ဝိုင်းရှာနေကြတယ်။ သူမကိုယ်တိုင်လည်း စိတ်ဖိစီးမှုတွေနဲ့ ခေါင်းထဲမှာ အသံမျိုးစုံ ကြားနေရပါတယ်။ ဒီခရီးမှာ လူသတ်သမားနဲ့ပဲ တွေ့လာမလား၊ သရဲခြောက်ခံရမလား၊ ချစ်သူကပဲ လိုက်လာပြီး ရန်ပြုမလားလို့ ထင်စရာတွေရှိပေမယ့် ဘာဖြစ်လာမယ်ဆိုတာတော့ မသေချာသေးပါဘူး။ သူငယ်ချင်းတွေနဲ့ ထွက်လာတဲ့ခရီးမှာ သူမ ဘာတွေကြုံရမလဲ၊ ချစ်သူကရော ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း