ဇာတ်ကားများ ရွေးရန်

Panic Room

2002ဇာတ်ကားအမှတ် 6.8/10111 မိနစ်

Panic Room(2002) IMDb.....6.8 အမျိုးသားနဲ့ ကွဲရာကနေ လျော်ကြေးသဘောမျိုးနဲ့ အိမ်တစ် လုံးကို သားအမိ(၂)ယောက် ရခဲ့တယ်။ အိမ်ရဲ့ခမ်းနားကြီးကျယ်မှုက တော်ရုံသူတွေမဝယ်နိုင်တဲ့အိမ်မျိုး.... ဒီအိမ်တစ်လုံးရဲ့ တန်ဘိုးကို အကောင်းဆုံး ဖြစ်စေတဲ့ အထူးလုံခြုံရေးအခန်းလို့ ပြောရလောက်အောင် အဆင့်မြင့်အခန်းတစ်ခန်းရှိတယ်... ဒီအခန်းရဲ့ ရည်ရွယ်ချက်က မသမာသူတွေရဲ့ရန်ကို ကာကွယ်ဖို့လုပ်ထားတာပါ.. သီးခြားဖုန်းလိုင်းရှိသလို အခန်းကို တော်ရုံကိရိယာနဲ့ဖောက်လို့မရတဲ့ စတီးနံရံတွေနဲ့လုပ်ထားသလို လုံခြုံရေးစနစ်ကလည်း တကယ့်ကိုအဆင့်မြင့်ပါတယ်... ဒီလိုနဲ့ ဒီသားအမိ(၂)ယောက်ဟာ ဒီအိမ်ကိုပြောင်းရွှေ့ခဲ့တယ်... ပြောင်းရွှေ့ခဲ့တဲ့ညမှာပဲ မိုးတွေရွာနေတာကိုအခွင့်ကောင်းယူပြီး လက်နက်ကိုင်လူ(၃)ယောက်ဟာ ရောက်ရှိလာပါတော့တယ်...... ဒီကားက ဇာတ်လမ်းအစမှအဆုံးထိ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပါ.... အီသွားတဲ့နေရာမရှိသလို ဘာတွေဆက်ဖြစ်မလဲဆိုတာလည်း ခန့်မှန်းလို့မရပါဘူး.... ဆိုတော့ ဒီကားကြည့်မယ်ဆိုရင် ရေဗူးတွေ မုန့်တွေဘေးချပြီး ဆီးအိုးပါ ဘေးမှာထားလိုက်ဗျ..... ဘာလို့ဆို တော်ရုံကိစ္စတွေကြောင့် ဇာတ်ကားရဲ့ ရသပျောက်သွားမှာစိုးလို့... ခံစားကြည့်လိုက်ဦးဗျို့.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) and (363 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre :  Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Ye Pye Sone Encoded by Phyo Pyae

ဇာတ်လမ်းအကြောင်း