ဇာတ်ကားများ ရွေးရန်

Beneath the Green

2023ဇာတ်ကားအမှတ် 3.0/1081 မိနစ်

ကေလတ်ဟာ သစ်တောထဲက တစ်နေရာမှာ နိုးလာပေမယ့် ဘယ်ကိုရောက်နေမှန်း၊ ဘာကြောင့်ရောက်လာမှန်း မသိပါဘူး။ အဲဒီအချိန်မှာ ဟန်တာဆိုသူက လာခေါ်ပြီး သူတို့ဟာ ဒီဂြိုဟ်ရဲ့အတိတ်ကာလမှာ ရောက်နေကြောင်း ပြောပြတယ်။ လွတ်လမ်းမရှိဘဲ ဒီနေရာမှာပဲ ထပ်ခါထပ်ခါ နေနေရတယ်ဆိုတဲ့ ဟန်တာက ကေလတ်ကို တခြားအဖွဲ့သားတွေရှိရာ ခေါ်သွားပါတယ်။ အဝင်အထွက်လမ်းမရှိတဲ့ ဒီနေရာကို ရောက်လာတဲ့ကေလတ်ဟာ သူတို့ကို ကယ်တင်ဖို့လာသူလို့ အဖွဲ့သားတွေက ထင်နေကြတယ်။ သူတို့အားလုံးလည်း ဖြစ်ခဲ့တာတွေကို ဘာမှမမှတ်မိကြဘဲ စူးစမ်းရင်းရလာတဲ့ အချက်အလက်တွေကို အားကိုးပြီး လွတ်လမ်းရှာနေကြပါတယ်။ ဒီနေရာကနေ ထွက်ဖို့ တံခါးတစ်ချပ်ရှိမယ်၊ အဲဒီတံခါးကို တွေ့မှ လွတ်မြောက်နိုင်မယ်လို့ သူတို့ ယုံကြည်ထားကြတယ်။ အရင်အဖွဲ့ဝင် ဗစ်တာ ပျောက်သွားတာကိုလည်း ဒီနေရာက လွတ်သွားပြီလို့ ထင်နေကြပါတယ်။ အခု ကေလတ်က သူတို့အတွက် ထွက်လမ်းရှာပေးနိုင်မယ်လို့ မျှော်လင့်နေကြပေမယ့် သူ တကယ်ကယ်ထုတ်နိုင်မလား၊ သူကိုယ်တိုင်ပါ အတိတ်ထဲမှာ ပိတ်မိနေမလားဆိုတာ မသိရသေးပါဘူး။

ဇာတ်လမ်းအကြောင်း