ဇာတ်ကားများ ရွေးရန်

The Four 3

2014ဇာတ်ကားအမှတ် 6.1/10107 မိနစ်

The Four ရုပ်ရှင်Trioရဲ့ နောက်ဆုံးတိုက်ပွဲကြီးပဲဖြစ်ပါတယ်။ နောက်ကွယ်အမှောင်ကနေကြိုးကိုင်နေတဲ့ အန်းယွင်ရှန်းရဲ့ ထီးနန်လုယူမယ့်အကြံအစည်ကြီးကို စုံထောက်ကြီးလေးယောက် ကနေ အင်အားတွေပေါင်းစည်းပြီး အသက်စွန့်တိုက်ခိုက်ကြမယ့် အဆုံးသတ်တိုက်ပွဲကြီးပဲဖြစ်ပါတယ်။ဝူချင်ထွက်သွားပြီးနောက်မှာ လန်လင်ချိဟာအမှုစုံစမ်းဖို့အတွက် လျို့ရှန့်မန်ကို ပြန်သွားခဲ့တာကြောင့် စုံထောက်ကြီးလေးဦးဆိုတဲ့နာမည်သာကျန်ခဲ့ပြီး အားလုံးဟာအစိတ်စိတ်အမွှာမွှာကွဲသွားခဲ့ကြပါတယ်။ အဲဒီအချိန်မှာ နန်းတွင်းမှာပုန်းကွယ်နေတဲ့အန္တရာယ်လှိုင်းတွေဟာ ထကြွလာပါတော့တယ်။ ဘုရင်မင်းကြီးဟာ တိုင်းပြည်ရဲ့အခြေအနေမှန်ကို သိနိုင်ဖို့တိုင်းခန်းလှည့်လည်ထွက်တဲ့အချိန်မှာ လုပ်ကြံခံရပြီး လျှို့ဝှက်စွာပျောက်ဆုံးသွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုမင်းကောင်းမင်းဖြတ်လို့ယူဆနေပြီး မာနထန်နေတဲ့ ဘုရင်မင်းကြီးဟာ ရန်သူရဲ့အကျဉ်းချဖမ်းဆီးတာကိုခံရပြီး ထီးနန်းအန္တရာယ်နဲ့ကြုံလာတဲ့အခါ ဘယ်သူ့ကိုမှမယုံရဲပဲ သူ့ရဲ့ကျေးဇူရှင်ဆရာဖြစ်သူဦးစီးတဲ့ ရှန်ဟိုအိမ်တော်ကိုသွားရောက်အကူအညီတောင်းခံရပါတော့တယ်။ ဧကရာဇ်ကိုဗဟိုပြုပြီးဖြစ်ပေါ်လာတဲ့ ကောက်ကျစ်တဲ့အကြံအစည်တွေဟာ အလွှာလိုက်အလွှာလိုက်ပေါ်ထွက်လာချိန်မှာ ရှန်ဟိုအိမ်တော်ဟာလဲ အင်အားစုအသီးသီးရဲ့တိုက်ခိုက်တာတွေခံရတာကြောင့် အကျပ်အတည်းတွေကြုံနေရပါတယ်။ လန်လင်ချိ၊ သံမဏိလက်နဲ့ ကျွေးမင့်တို့က အကြောင်းအရင်းမှန်ကိုအကြိတ်အနယ်ဖော်ထုတ်နေကြပြီး ဝူချင်ကနေတော့ သွေးအေးစွာ လက်စားချေဖို့စောင့်ဆိုင်းနေပါတယ်။ငုတ်လျှိုးနေတဲ့ ကြောက်စရာအကြံအစည်ကြီးလုံးဝပေါ်ထွက်လာပြီး အံ့မခန်းသိုင်းစွမ်းအားပိုင်ရှင်ကြီးဟာလဲ နောက်ကွယ်ကနေပေါ်ထွက်လာတဲ့အခါ သူတို့လေးယောက်ဟာ တိုင်းပြည်အတွက် သေရေးရှင်ရေးနောက်ဆုံးတိုက်ပွဲကြီးကို ရင်ဆိုင်သွားကြရပါတော့တယ်။ Filesize : 1.94 GB / 895 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action, Crime, and Fantasy Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း