ဇာတ်ကားများ ရွေးရန်

Black Panther: Wakanda Forever

2022ဇာတ်ကားအမှတ် 7.2/10162 မိနစ်4K

ဘလက်ပန်သာ မရှိတော့တဲ့အချိန်မှာ ဝါကန်ဒါဟာ အားအနည်းဆုံးအခြေအနေကို ရောက်နေပါတယ်။ နောက်ထပ် ဘလက်ပန်သာ ပေါ်လာဖို့အတွက် လိုအပ်တဲ့ နှလုံးသားပုံဆေးရွက်တွေလည်း မီးရှို့ခံထားရပြီ။ ဘုရင်တီချာလာရဲ့မယ်တော် အာမွန်ဒါကတော့ ဝါကန်ဒါရဲ့ ဗိုင်ဘရေနီယံကို လိုချင်နေကြတဲ့ ကမ္ဘာ့နိုင်ငံတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရတယ်။ ဒီအချိန်မှာပဲ ဝါကန်ဒါဟာ တခြားနိုင်ငံတွေထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံတစ်ခုနဲ့ ရင်ဆိုင်လာရပါတယ်။ အဲဒါကတော့ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံ ပိုင်ဆိုင်ထားပြီး သန္ဓေပြောင်းလူသားတွေ နေထိုင်ရာ ရေအောက်မြို့တော် တာလိုကန်ပါ။ သူတို့ရဲ့ခေါင်းဆောင်က နေမော်၊ တစ်နည်းအားဖြင့် ကုကုကန်လို့ ခေါ်သူဖြစ်ပါတယ်။ မာဗယ် Phase 4 ထဲက ဒီဇာတ်ကားမှာ ကွယ်လွန်သွားတဲ့ ဘလက်ပန်သာသရုပ်ဆောင် ချက်ဒ်ဝစ်ခ် ဘို့စ်မန်အတွက် အမှတ်တရတွေ ထည့်သွင်းထားပါတယ်။ အိုင်ရွန်မန်းနဲ့ ဘလက်ပန်သာတို့ကို ဆက်ခံမယ့်သူတွေအကြောင်းကိုလည်း အစပျိုးမိတ်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း