ဇာတ်ကားများ ရွေးရန်

Laura

2024ဇာတ်ကားအမှတ် 7.3/10104 မိနစ်

Laura (2024) IMDb Rating (6.5) လော်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်ပါ။ ဒီကောင်မလေးက မတော်တဆမှုကြောင့် ကျောရိုးမကြီးထိပြီး သွက်ချာပါဒလိုက်သွားလို့ အိပ်ယာထဲပဲ လှဲနေရတဲ့ကောင်မလေးပေါ့။ ဒီဇာတ်လမ်းက သူ့ဘဝကို သူအရှုံးမပေးခဲ့တဲ့အကြောင်း ဇာတ်လမ်းလို့လည်းပြောလို့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီထက်တော့ ပိုကျယ်ပြန့်ပါတယ်။ အရှေ့တိုင်းတစ်ခွင်လုံးရဲ့ ဖိုဝါဒီကြီးစိုးမှုပြဿနာကိုလည်း တစ်ဖက်တစ်လမ်းက ပြထားတယ်။ လော်ရာနဲ့ သူ့ရည်းစားရဲ့ အခြေအနေကနေ ထင်ဟပ်ပြီး ဒီအချက်ကိုပြထားသလို ဒီလိုကြီးစိုးမခံရဖို့ သူ့ဘဝကြီးတစ်ခုလုံးနဲ့ရင်းပြီး သိခဲ့ရသလိုမျိုးလည်း ပြထားတယ်။ လော်ရာဖြစ်ခဲ့တဲ့ ကားမတော်တဆမှုရဲ့လက်သည်ဟာ သူ့ကောင်လေးဖြစ်သလို သူ့ကောင်လေးက မတော်တဆမဖြစ်ခင်မှာရော ဖြစ်ပြီးနောက်မှာရော သူ့ဆီက အမြတ်ထုတ်ဖို့ကြိုးစားခဲ့တာကို သူမယူရင် ငါ့ဘယ်သူယူမှာလဲဆိုတဲ့စိတ်နဲ့ သည်းညည်းခံနေခဲ့တဲ့ ကောင်မလေးကနေ ဒီနှောင်ကြိုးတွေကနေ လွတ်လပ်သွားတဲ့‌ ကောင်မလေးဖြစ်လာခဲ့ပုံကိုပါ ပြထားတယ်။ ဇာတ်သွက်သွက်နဲ့ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ထိုင်းတို့ ဖိလစ်ပိုင်တို့ အင်ဒိုတို့က ရုပ်ရှင်တွေကို ကြိုက်တဲ့လူတွေ ကြိုက်ကြမယ့်ဇာတ်လမ်းလို့ပြောလို့ရတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.6 GB) / (810 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

ဇာတ်လမ်းအကြောင်း