ဇာတ်ကားများ ရွေးရန်

Air Force The Movie: Danger Close

2022ဇာတ်ကားအမှတ် 6.0/10103 မိနစ်

နာမ်ဘူရီနိုင်ငံဟာ တောင်နဲ့မြောက် နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ် ဖြစ်နေတာ ငါးနှစ်ရှိပါပြီ။ စစ်ကြောင့် နိုင်ငံဆင်းရဲမွဲတေနေပေမယ့် နှစ်ဖက်စလုံးမှာတော့ ခေတ်မီလက်နက်တွေ ရှိနေကြတယ်။ နောက်ဆုံး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှု ရလာတဲ့အခါ မလေးရှားက အကူအညီတွေပေးခဲ့ပြီး စစ်သည်တချို့လည်း နာမ်ဘူရီထဲအထိ လာရောက်ကူညီကြပါတယ်။ ဒါပေမယ့် တောင်နဲ့မြောက် စစ်ပြန်ဖြစ်လာချိန်မှာ မလေးရှားစစ်သည်တွေ ပါလာတဲ့ လေယာဉ် ပစ်ချခံလိုက်ရတယ်။ စစ်သည်တချို့ လေထီးနဲ့ ခုန်ချလွတ်မြောက်ခဲ့ပေမယ့် ဒီကိစ္စကို လက်စဖျောက်ချင်တဲ့ နာမ်ဘူရီဘက်က သူတို့ကို တောနင်းရှာပြီး သတ်ဖို့ လိုက်လာကြပါတယ်။ လူအင်အား၊ လက်နက်အင်အား နည်းနေတဲ့ မလေးရှားစစ်သည်တွေ တောထဲမှာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ။ မလေးရှားဘက်ကလည်း သူတို့ကို ကယ်ထုတ်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း