Hide and Seek
သူများအိမ်ထဲကို မသိအောင် ဝင်ပြီး တိတ်တိတ်လေး ပုန်းနေကြတဲ့ ကျူးကျော်သူတွေ ရှိတယ်ဆိုတဲ့ ကောလာဟလတစ်ခု ရပ်ကွက်ထဲမှာ ပျံ့လာပါတယ်။ အဲဒီလိုအကြောင်းတွေကြားမှာ ဆွန်းဆူကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် နေထိုင်နေတယ်။ ငွေကြေးပြည့်စုံပြီး ရုပ်ရည်ချောမောတဲ့ ဇနီး မင်ဂျီ၊ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ ခေတ်မီတိုက်ခန်းကောင်းတစ်ခုမှာ နေနိုင်တဲ့သူ့ဘဝက အပြင်ကကြည့်ရင် ပြည့်စုံနေပါတယ်။ တကယ်တော့ ဆွန်းဆူဟာ သူဌေးတစ်ယောက်ရဲ့ မွေးစားသားပါ။ မွေးစားမိသားစုရဲ့ သားအရင်းဖြစ်တဲ့ အစ်ကိုရသင့်တဲ့ အမွေအားလုံးကို သူက မောင်ပိုင်စီးထားတာဖြစ်တယ်။ တစ်နေ့မှာ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ အစ်ကို ပျောက်ဆုံးနေကြောင်း သိလာရပြီး သူ့ဘဝထဲကို ပဟေဠိဆန်တဲ့ ဖြစ်ရပ်တွေ ဝင်လာပါတော့တယ်။ အတိတ်က လုပ်ရပ်တွေအတွက် နောင်တရနေတဲ့ ဆွန်းဆူဟာ အစ်ကို့ကို ရှာဖို့ သူနေခဲ့တဲ့တိုက်ဆီ သွားပါတယ်။ အဲဒီတိုက်မှာ ဘယ်လိုမူမမှန်မှုတွေ ကြုံရမလဲ၊ အဲဒါတွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲဆိုတာ မသိရသေးဘူး။ ပျောက်နေတဲ့ အစ်ကိုနဲ့ရော ပြန်တွေ့နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း