ဇာတ်ကားများ ရွေးရန်

Alangu

2024ဇာတ်ကား

Alangu (2024) မျှော်လင့်ချက်နဲ့ အသက်ဆက် သည်းထိတ်ရင်ဖိုနှစ်ခြိုက်တဲ့ ပရိတ်သတ်‌တွေနဲ့ ခွေး‌ လေးတွေချစ်တတ်သူတွေ၊ တောတောင်ရေမြေရှုခင်း သဘောကျသူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ "လူတွေနဲ့တိရိစ္ဆာန်လေး‌တွေ အတူယှဉ်တွဲနေထိုင်နေကြတဲ့ ဒီ‌လောကကြီးမှာ အားလုံးကရှင်သန်နေထိုင်ဖို့ ရုန်းကန်နေကြရသူချည်းပါပဲ။ ဘာဖြစ်ဖြစ် အသက်သာဆက်ရှင်နေပါ၊ လက်မလျှော့ပါနဲ့၊ ကျန်တာကိုသစ်တောတွေနဲ့တောတောင်တွေက ဂရုစိုက်ပေးပါလိမ့်မယ်တဲ့" ဒါမာဆိုတဲ့ တမီးလ်မျိုးနွယ်စုတစ်ခုကကောင်လေးက သူ့ခွေးလေးကာလီကို အားပေးနှစ်သိမ့်တဲ့စကားလေးနဲ့အစပျိုးထားပါတယ်။ ဒါမာနဲ့သူ့ခွေးလေးတို့ တွေ့ဆုံဖြစ်ကြပုံက ဒီလိုပါ။ ဒါမာတို့ကို အထုပ်လေးတစ်ထုပ်ပစ်ခိုင်းလို့ သွားပစ်ရာက ရောဂါပိုးကူးခံထားရလို့ စွန့်ပစ်ခံရတဲ့ခွေးလေးဖြစ်နေပြီး အသက်ရှင်နေသေးတာကို တွေ့သွားပါတယ်။ ဒါနဲ့သူလည်းခွေးလေးကို တောထဲလွှတ်ပေးလိုက်ပေမဲ့ ခွေးလေးက ဒါမာအိမ်ပြန်တဲ့လမ်းထိ လိုက်ပါလာလေရဲ့။ အဲဒီလိုနဲ့သူလည်း‌ခွေးလေးကိုမွေးဖြစ်သွားပြီး ကာလီလို့နာမည်ပေးခဲ့ပါတယ်။ ဒါမာတို့မျိုးနွယ်စုဟာ အနည်းငယ်သောလူနည်းစုလေး‌ပေါ့။ သူတို့နေထိုင်ရာနေရာလေးဟာ ဆေးရုံမရှိ၊ လမ်းမရှိမို့ အားလုံးက ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ကုန်ကြပေမဲ့ ဒါမာတို့မိသားစု ၇ခု၈ခုကပဲ ကျန်ရစ်နေခဲ့ပါတယ်။ သူတို့ဟာရိုးရာအရ နှစ်တိုင်း တောင်ထိပ်တက်ပြီး ပူဇော်မှုတွေ ပြုလုပ်‌နေကျပါ။ အဲဒီအခါ နယ်စပ်လေးကိုဖြတ်သွားရချိန် နယ်စပ်အစောင့်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ ရက်စက်မှုတွေကို ကြုံတွေ့ရတာ ထုံးစံလိုဖြစ်နေရာက ပိုဆိုးလာပါပြီ။ တစ်နေ့သူ့အမေရဲ့ဆန္ဒ‌ကြောင့် သူငယ်ချင်းတွေရယ် ခွေးလေးကာလီရယ်နဲ့အတူ တစ်နေရာသွားဖို့ဖြစ်လာပါတော့တယ်။ သူတို့မျိုးနွယ်စုကို ဘယ်လိုဆက်လက်ထိန်းသိမ်းမလဲ၊ နယ်စပ်ကြားနိုင်ငံရေးပြဿနာအစစ်အမှန်တွေဆိုတာ ဘယ်လိုလဲ၊ ဒါမာနဲ့ခွေးလေးကာလီတို့ကရော ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 2.4 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း