ဇာတ်ကားများ ရွေးရန်

Rorschach

2022ဇာတ်ကားအမှတ် 6.8/10150 မိနစ်

လူတစ်ယောက် ရဲစခန်းကို ရောက်လာပြီး သူ့ဇနီး ပျောက်ဆုံးနေကြောင်း လာတိုင်ပါတယ်။ သူပြောပြတာက လင်မယားနှစ်ယောက် ကားနဲ့ခရီးထွက်လာရင်း တောလမ်းတစ်နေရာမှာ မတော်တဆမှုဖြစ်ပြီး သူသတိလစ်သွားခဲ့တယ်။ ပြန်နိုးလာတော့ ဇနီးဖြစ်သူကို ကားပေါ်မှာ မတွေ့တော့ဘူးတဲ့။ ပျောက်ဆုံးသူက ကိုယ်ဝန်သည်ဖြစ်နေတာကြောင့် ရဲတွေနဲ့ ရွာသားတွေ ပူးပေါင်းပြီး လိုက်ရှာပေးကြပါတယ်။ လတွေကြာသွားပေမယ့် ရှာမတွေ့ဘဲ ပျောက်သွားတဲ့နေရာကလည်း သားရဲတိရစ္ဆာန်တွေ ပေါများတာကြောင့် ရဲတွေက သေဆုံးသွားပြီလို့ ကောက်ချက်ချလိုက်တယ်။ ခင်ပွန်းဖြစ်သူကတော့ လက်မလျှော့ဘဲ ဆက်ရှာနေဆဲပါ။ နောက်ပိုင်းမှာ ရွာထဲက လူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာပြီး ညဘက်တွေမှာလည်း အသံတွေ ကြားလာရတယ်။ သူ့ဇနီးက တကယ်ပဲ ပျောက်ဆုံးသွားတာလား၊ ရွာထဲက သေဆုံးမှုတွေနဲ့ ညညကြားရတဲ့ အသံတွေက ဘာကြောင့်လဲ၊ သူကိုယ်တိုင်ကရော တခြားအကြောင်းတစ်ခုနဲ့ ဒီရွာကို ရောက်လာခဲ့တာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ မာလယာလမ်မင်းသား မမ်မွတ်တီး အဓိကပါဝင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း