ဇာတ်ကားများ ရွေးရန်

Emancipation

2022ဇာတ်ကားအမှတ် 7.9/10132 မိနစ်

၁၈၆၀ ပြည့်နှစ်တွေမှာ အမေရိကန်နိုင်ငံက လူမျိုးရေးဖိနှိပ်မှုနဲ့ ကျွန်စနစ်ကို ထောက်ခံသူတွေ၊ တိုက်ဖျက်လိုသူတွေ ထိပ်တိုက်တွေ့နေကြပါတယ်။ ဒီဖိနှိပ်မှုတွေကြားကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့တဲ့ လူမည်းကျွန် ပီတာရဲ့ ဖြစ်ရပ်မှန်မှတ်တမ်းကို အခြေခံပြီး Emancipation ကို ရိုက်ကူးထားတာပါ။ ပီတာအဖြစ် Will Smith သရုပ်ဆောင်ထားပြီး Ben Foster လည်း ပါဝင်ထားပါတယ်။ လူဝီစီယားနားက လူမည်းအလုပ်သမားစခန်းတစ်ခုမှာ ပီတာတို့ဟာ ဖိနှိပ်နှိပ်စက်မှုတွေကို ခံနေရတယ်။ သူတို့အလုပ်သမားတစ်စုက လူမည်းတပ် Native Guard ရှိရာ ဘေတန်ရုဂ်မြို့ဆီ ထွက်ပြေးဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် စခန်းပတ်လည်မှာ နွံအိုင်တွေ ဝိုင်းနေပြီး ထွက်ပြေးသူတွေကို လိုက်ဖမ်းဖို့ မြင်းစီးမုဆိုးတွေနဲ့ အမဲလိုက်ခွေးတွေကလည်း အသင့်ရှိနေတယ်။ လွတ်မြောက်ဖို့ မလွယ်မှန်း သိပေမယ့် ပီတာတို့က အသက်ကိုရင်းပြီး စခန်းကနေ ထွက်ပြေးလာကြပါတယ်။ နောက်က လိုက်လာတဲ့ မုဆိုးတွေကို ရှောင်တိမ်းရသလို ရှေ့မှာလည်း နွံအိုင်တွေ၊ သားရဲတွေနဲ့ မမြင်နိုင်တဲ့ အန္တရာယ်တွေကြား အသက်ရှင်အောင် ရုန်းကန်ကြရတယ်။

ဇာတ်လမ်းအကြောင်း