ဇာတ်ကားများ ရွေးရန်

Dragon Ball Super: Super Hero

2022ဇာတ်ကားအမှတ် 7.9/1099 မိနစ်

Dragon Ball Super: Super Hero ဟာ Dragon Ball ကာတွန်းရုပ်ရှင်တွေထဲက ၂၁ ကားမြောက်ဖြစ်ပြီး စီးရီးရဲ့ တရားဝင်ဇာတ်ကြောင်းထဲမှာ ပါဝင်တဲ့ ရုပ်ရှင်ပါ။ ရှေ့ရုပ်ရှင် Dragon Ball Super: Broly နဲ့လည်း တိုက်ရိုက်ဆက်ထားပါတယ်။ ဇာတ်လမ်းမှာ Red ရဲ့ မွေးစားသား Magnenta က Red Ribbon Army ကို ပြန်တည်ထောင်ဖို့ ကြိုးစားနေတယ်။ အဲဒီအတွက် Android စက်ရုပ်ပညာရှင် ဒေါက်တာ Gero ရဲ့ မြေးဖြစ်သူ ဒေါက်တာ Hedo ကို စည်းရုံးပါတယ်။ နောက်တော့ Hedo က Gamma 1 နဲ့ Gamma 2 ကို တီထွင်ပြီး Piccolo ကို တိုက်ခိုက်ဖို့ စေလွှတ်လိုက်တယ်။ Hedo ရဲ့ တီထွင်မှုက အဲဒီမှာတင် မရပ်သေးပါဘူး။ အရင်က ဇာတ်ကောင်တွေ အတူဝိုင်းတိုက်ခဲ့ရတဲ့ ဒေါက်တာ Gero ရဲ့ Cell ကို အဆင့်မြှင့်ထားတဲ့ Cell Max ကိုလည်း ဖန်တီးနေပါတယ်။ ဒီလောက်အားကောင်းတဲ့ Cell Max ကို ဘယ်လိုရင်ဆိုင် အနိုင်ယူကြမလဲဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း