Priest of Evil
ရဲတစ်ယောက်ဖြစ်တဲ့ တီမိုဟာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေသူပါ။ တစ်နေ့မှာ သမီးဖြစ်သူ အယ်မီက သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ လုပ်ခဲ့တယ်။ တီမိုက တာဝန်ချိန်ပြီးလို့ သွားကြိုပေမယ့် အယ်မီဟာ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲဒီနောက် ဇနီးနဲ့လည်း ကတောက်ကဆတွေ ဖြစ်လာပြီး အိမ်ထောင်ရေး မသာယာတော့ဘူး။ သမီးသေဆုံးမှုရဲ့ တရားခံကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ နှစ်အနည်းငယ်ကြာတော့ မြေအောက်ရထားလူသေမှုတစ်ခုကို တီမိုတို့အဖွဲ့ စုံစမ်းကြရတယ်။ အမှုလိုက်ရင်း အရင်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုလို့ သတ်မှတ်ထားတဲ့ အမှုဟောင်းတွေနဲ့ ဆက်စပ်နေတာကို သိလာရပါတယ်။ ဒီနောက်မှာ ကွင်းဆက်လူသတ်သမားတစ်ယောက် ပါဝင်နေနိုင်တယ်လို့ ယူဆလာကြပြီး တီမိုရဲ့ သမီးသေဆုံးမှုနဲ့ နွှယ်နေတဲ့ အချက်တွေကိုလည်း တွေ့လာရတယ်။ တီမိုက လူသတ်သမားကို ဖော်ထုတ်နိုင်မလား၊ အဲဒီလူဟာ သူ့သမီးသေဆုံးမှုနဲ့ တကယ်ဆက်နွှယ်နေသလား၊ ဘာကြောင့် ဒီပြစ်မှုတွေကို ကျူးလွန်နေရတာလဲဆိုတာကို ဆက်လက်စုံစမ်းရမှာပါ။
ဇာတ်လမ်းအကြောင်း