Don't Worry Darling
ဗစ်ထရီစီမံကိန်းဆိုတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသားတွေဟာ ကုမ္ပဏီရဲ့အိမ်ရာမှာ ဇနီးကိုယ်စီနဲ့ နေထိုင်ကြပါတယ်။ စားဝတ်နေရေးနဲ့ ငွေကြေးအတွက် ပူပန်စရာမရှိဘဲ အလုပ်ပြီးတာနဲ့ ပါတီတွေ၊ အားကစားတွေနဲ့ ပျော်ရွှင်စရာဘဝကို ဖြတ်သန်းနေကြတာပါ။ ဒါပေမယ့် သူတို့ ဘယ်ကနေ ဒီနေရာကို ရောက်လာသလဲ၊ တကယ်တမ်း ဘာအလုပ်တွေ လုပ်နေကြသလဲဆိုတာတော့ ဝေဝါးနေပါတယ်။ ဒီနေထိုင်မှုအပေါ် သံသယဝင်သူတွေ ရှိလာရင်လည်း ကျန်သူတွေက စိတ်မမှန်သူတွေလို သဘောထားကြတယ်။ အဲဒီလို သံသယဝင်လာသူတွေထဲ အဲလစ် ပါလာတဲ့အခါ သူမက ပျော်ရွှင်စရာတွေနောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ အဖြေရှာဖို့ ကြိုးစားပါတော့တယ်။ ဟယ်ရီစတိုင်၊ ဖလောရန့်စ်ပြူနဲ့ ခရစ္စပိုင်းတို့ အဓိကပါဝင်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ သည်းထိတ်ရင်ဖိုဒရာမာပါ။ လူတွေရဲ့ လက်ရှိဘဝနဲ့ စိတ်အခြေအနေတွေကို နိမိတ်ပုံတွေနဲ့ တင်ပြထားပြီး မရေရာမှုနဲ့ မွန်းကြပ်မှုကို ခံစားရစေတဲ့ ရိုက်ကူးပုံကို သုံးထားပါတယ်။
ဇာတ်လမ်းအကြောင်း