ဇာတ်ကားများ ရွေးရန်

Dante's Peak

1997ဇာတ်ကားအမှတ် 6.2/10108 မိနစ်

မီးတောင်ပညာရှင် ဟယ်ရီဒေါ်လ်တန်ဟာ ကတ်စ်စတိတ်မြောက်ပိုင်းမှာ လှုပ်နေတဲ့ ငလျင်တွေအကြောင်း စမ်းသပ်တိုင်းတာဖို့ Dante’s Peak မြို့လေးကို ရောက်လာပါတယ်။ စစ်ဆေးကြည့်ရာက မီးတောင်ပေါက်ကွဲတော့မယ်ဆိုတာ သိလာတဲ့အတွက် မြို့တော်ဝန် ရေချယ်ဝန်ဒိုနဲ့အတူ မြို့ကောင်စီဝင်တွေကို သတိပေးကြတယ်။ မြို့သူမြို့သားအားလုံး ဘေးလွတ်ရာ ပြောင်းရွှေ့သင့်တယ်လို့ ရှင်းပြပေမယ့် မသေချာသေးဘူးဆိုပြီး လက်မခံကြပါဘူး။ ရက်သတ္တပတ်အကြာ မီးတောင်ပေါက်လုဆဲဆဲမှာတော့ ဟယ်ရီသဘောကျနေတဲ့ ရေချယ်ရဲ့ ကလေးနှစ်ယောက်ဟာ ဘယ်သူ့ကိုမှ မပြောဘဲ တောင်ပေါ်တက်သွားကြပါတယ်။ ရေချယ်နဲ့ ဟယ်ရီတို့ ကလေးတွေကို ပြန်ခေါ်ဖို့ လိုက်သွားတဲ့အခါ မီးတောင်ပေါက်ကွဲမှုနဲ့ ရင်ဆိုင်ရတော့တယ်။ Pierce Brosnan ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာ ကလေးတွေကို ပြန်ခေါ်ရင်း ချော်ရည်တွေကြားကနေ လွတ်မြောက်အောင် ပြေးနိုင်ကြမလားဆိုတာကို ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း