ဇာတ်ကားများ ရွေးရန်

Bad Ass

2012ဇာတ်ကားအမှတ် 5.8/1090 မိနစ်

ဗီဂါဟာ အထက်တန်းကျောင်းပြီးတာနဲ့ စစ်တပ်ထဲဝင်ခဲ့တဲ့ ဗီယက်နမ်စစ်ပြန်တစ်ယောက်ပါ။ ရိုးရိုးရှင်းရှင်းနေခဲ့တဲ့ဘဝနဲ့ ချစ်သူကိုထားပြီး စစ်မှုထမ်းခဲ့ရတာ ခုနစ်နှစ်ကြာပါတယ်။ ပြန်လာတဲ့အခါ သူ့ကိုစောင့်နေမယ်လို့ မျှော်လင့်ပြီး ချစ်သူဟောင်းဆီ သွားတွေ့ပေမယ့် သူမမှာ ကလေးနှစ်ယောက်တောင် ရှိနေပါပြီ။ ရဲကျောင်းတက်ဖို့ ကြိုးစားတော့လည်း မအောင်မြင်၊ ကုမ္ပဏီတွေမှာ အလုပ်လျှောက်တော့လည်း ကောလိပ်မတက်ခဲ့လို့ အငြင်းခံရတာနဲ့ ကိုယ်ပိုင်ဆိုင်လေးဖွင့်ပြီး နေထိုင်လာခဲ့ပါတယ်။ တစ်နေ့ သူစီးနေကျဘတ်စ်ကားပေါ်မှာ လူငယ်နှစ်ယောက်က အဘိုးကြီးတစ်ယောက်ကို အနိုင်ကျင့်နေတာတွေ့လို့ ဝင်ဖြေရှင်းပေးလိုက်တယ်။ အဲဒီဖြစ်ရပ်ကြောင့် အင်တာနက်ပေါ်မှာ နာမည်ကြီးသွားပြီး “ဆရာကြီး” ဆိုတဲ့ နာမည်ပါ ရလာပါတယ်။ အဲဒီနောက် မိခင်ဆုံးပါးသွားတဲ့အခါ အချစ်ဆုံးသူငယ်ချင်း ကလန်းဒိုက်ကို အိမ်မှာခေါ်ထားခဲ့တယ်။ နှစ်ယောက်သား အရက်သောက်နေကြရင်း ကလန်းဒိုက်က မန်မိုရီစတစ်လေးတစ်ခုကို သိမ်းပေးထားဖို့ အပ်လာလို့ ဗီဂါလည်း ဘာမှန်းမသိဘဲ ယူထားလိုက်ပါတယ်။ အဲဒီညမှာပဲ ဆေးလိပ်ထွက်ဝယ်တဲ့ ကလန်းဒိုက် အသတ်ခံလိုက်ရတယ်။ စုံထောက်တွေက အမှုကို သေချာမလိုက်ပေးတာကြောင့် ဗီဂါကိုယ်တိုင် တစ်စချင်း လိုက်စုံစမ်းလာပါတယ်။ သူငယ်ချင်းအပ်ခဲ့တဲ့ မန်မိုရီစတစ်ထဲမှာ ဘာရှိနေတာလဲ၊ သူ့သေဆုံးမှုနဲ့ ဘယ်လိုပတ်သက်နေလဲ၊ ဒီပြဿနာကို ဗီဂါ ဖြေရှင်းနိုင်ပါ့မလားဆိုတာကို အက်ရှင်၊ မှုခင်းနဲ့ ဟာသရောပြီး ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း