Moonlight
Moonlight (2016) IMDb Rating (7.4) / Rotten Tomatoes (98%) Moonlight (2016) ဟာ ၂၀၁၇ အကယ်ဒမီပေးပွဲမှာ Best Picture Best Supporting Actor Best Adapted Screenplay စတဲ့ အကယ်ဒမီဆု ၃ ခုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ကြည့်ပြီးရင် စိတ်ထဲမှာ တစ်ခုခုကျန်နေခဲ့မှာဖြစ်ပြီး ငါတို့ကမ္ဘာကြီးအပေါ်ကိုမြင်နေတဲ့အမြင်တွေမှားနေပြီလားဆိုပြီး မေးခွန်းထုတ်ရလောက်အောင် ဖြစ်သွားစေမယ့် ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ လူဆိုတာ တစ်ခါတလေမှာ အရမ်းယုတ်မာတတ်ပါတယ်။ ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်လို့သာ လူဖြစ်လာတယ် လူစိတ်မရှိတဲ့ လူတွေတအားများပါတယ်။ ငါနဲ့မတူငါ့ရန်သူ၊ ငါဖြစ်တည်သလို မင်းလည်းဖြစ်တည်ရမယ် မဟုတ်ရင် ငါနဲ့မင်းနဲ့ ပြဿနာဖြစ်ရလိမ့်မယ်ဆိုတဲ့လူတွေလည်းတအားများပါတယ်။ ဒီ Moonlight (2016) မှာတော့ ဒါတွေကို ချပြသွားမှာဖြစ်ပါတယ်။ ခံစားကြည့်လိုက်ကြပါ။ ဇာတ်ညွှန်း ချိုင်ယွန်ဆိုတဲ့ အာဖရိကလူမည်းလေးတစ်ယောက်ရှိတယ်။ လူမည်းရပ်ကွက်မှာ ဆေးရောင်းတဲ့ကောင်တွေရှိတယ်၊ ဒုစရိုက်လုပ်တဲ့ကောင်တွေရှိတယ် လူပေါင်းစုံနေထိုင်တဲ့ရပ်ကွက်ထဲမှာမွေးလာတဲ့ချိုင်ယွန်ဆိုတဲ့ကောင်လေးက ငယ်ငယ်ကတည်းက လိင်တူစိတ်ဝင်စားတဲ့ ဂေးတစ်ယောက်ဖြစ်နေတယ်။ ဒီလိုလူမျိုးဆိုရင် လက်ညိုးငေါက်ငေါက်ထိုးပြီး နှိမ်ချင်တဲ့လူတွေများတဲ့လောကကြီးမှာ လူမည်းလည်းဖြစ်၊ ဂေးလည်းဖြစ်တဲ့ ချိုင်ယွန်အတွက်တော့ ဘဝဟာ အတက်အကျအရမ်းများလှပါတယ်။ ချိုင်ယွန်ကို သနားမိသွားတဲ့ ဆေးရောင်းတဲ့ခေါင်းဆောင် ဟွမ်နဲ့ သူ့ကောင်မလေး ထရီဆာတို့ဟာ ငယ်ငယ်ကတည်းကချိုင်ယွန်ကို သားအရင်းတစ်ယောက်လို ချစ်ခင်ခဲ့ပါတယ်။ ဒါပေမယ့် ချိုင်ယွန်ရဲ့အမေကလည်း ဆေးစွဲနေတဲ့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် ချိုင်ယွန်ရဲ့ဘဝဟာ ခက်ခဲလွန်းနေခဲ့ပါတယ်။ ဒီလိုနဲ့ ချိုင်ယွန်တစ်ယောက် ဘဝကို ဘယ်လိုများဆက်ပြီးတော့ ဖြတ်သန်းသွားမှာလဲ.... ခံစားကြည့်လိုက်ကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lucifer Maximoff ဖြစ်ပါတယ်။) File size…(7.2 GB) / (2.1 GB) / (740 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Lucifer Maximoff
ဇာတ်လမ်းအကြောင်း